အခန်း(၃၁)

260 14 4
                                    

ထွဋ်ခေါင်ကိုကို့ကိုရှူးတည်ပေးမလို့ကိုကိုဝတ်
ထားတဲ့ပုဆိုးကိုမလိုက်တော့ကိုကိုက-

“မင်းဘာလုပ်မလို့တုန်း"

“ခင်ဗျားကိုရှူးတည်မလို့လေ”

“အိမ်သာပို့ပေး”

“ကျစ်…ခင်ဗျားရှူးပေါက်ရုံပဲမို့လား။ဒီရှူးအိုးနဲ့ပဲ
ပေါက်"

“မပေါက်ဘူး။အနားမှာလူတွေနဲ့"

“အိပ်နေတာလေ။ဆင်အော်လို့တောင်မနိုးဘူး”

“မင်းအော်တုန်းကနိုးတယ်”

“ခင်ဗျားပေါက်မှာလား။မပေါက်ဘူးလား”

“စောညို"

“နောက်တစ်ခါစောညိုလို့ခေါ်ရဲခေါ်ကြည့်။
ခင်ဗျားပါးစပ်ကိုအသံမထွက်နိုင်အောင်လုပ်
ပစ်မယ်”

ကိုကိုအသံတိတ်သွားသည်။ထွဋ်ခေါင်ငယ်ငယ်
တုန်းကကိုကို့ပေါ်ခဏခဏရှူးပေါက်ချဖူးသည်
ဟုမေမေကပြောပြခဲ့ဖူးသည်။မေမေနေမကောင်းတော့ထွဋ်ခေါင်ရဲ့အနှီးဝတ်တွေကို ကိုကိုပဲ
လျှော်ပေးခဲ့ရတာတဲ့။သူလူမှန်းသိတတ်စအရွယ်ကတည်းကကိုကိုပဲသူ့ကိုထိန်းလာခဲ့တာ။ကို
ကိုပဲသူ့ကိုရေချိုးပေး၊အဝတ်အစားဝတ်ပေး၊ထမင်းခွံ့ကျွေးခဲ့တာ။ကျေးဇူးကြွေးတွေကိုကျေအောင်ဆပ်ပါရစေဦးကိုကိုရယ်။

ထွဋ်ခေါင်ကိုကို့ကိုရှူးတည်ပြီးဆီးအိုးကိုအိမ်သာခန်းထဲသွားသွန်သည်။ပြန်လာတော့ကိုကိုက-

“ငါရေသောက်ချင်တယ်"

“မသောက်ရဘူး"

“လည်ချောင်းတွေပူနေပြီ”

“မသေနိုင်သေးပါဘူး”

“ရေအသက်တစ်မနက်တဲ့”

“ဒီမှာတွေ့လား။ခင်ဗျားလက်မှာပုလင်းချိတ်ပေးထားတယ်။ခင်ဗျားခန္ဓာကိုယ်ထဲဆေးရည်ဝင်နေသ၍(၇)ရက်လောက်ရေမသောက်ရလည်းခင်ဗျားမသေဘူး”

“ဟွန့်”

ကိုကိုစိတ်ဆိုးပြီးမျက်နှာလွှဲသွားသည်။အခုတောင်ဒီလောက်ဂျီကျနေတာ။ခွဲခန်းထဲကထွက်လာရင်တော့လူကိုပဲကြိုးနဲ့တုပ်ထားရမလား။ပါးစပ်ကိုပဲပလာစတာနဲ့အုပ်ထားရမလားတစ်ခုခုတော့လုပ်ရတော့မည်။

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Opowieści tętniące życiem. Odkryj je teraz