ထွဋ်ခေါင်နှင်းဆီမောင်ကိုဖုန်းခေါ်လိုက်သည်။
နှင်းဆီမောင်က-“ပြောဘာကိစ္စလဲ”
“နင်အလုပ်ဆင်းပြီလား"
“ဆင်းတော့မှာ"
“အခုချက်ချင်းဆင်းခဲ့တော့"
“ဘာလဲ။ဘာတွေအရေးကြီးနေတာလဲ”
“နင်စုမြတ်ကိုမတွေ့ချင်ဘူးလား"
“တွေ့ချင်တယ်လေ"
“တွေ့ချင်ရင်အလုပ်မြန်မြန်ဆင်းပြီးကျောက်တစ်လုံးဆေးရုံဝင်ခဲ့။ငါစုမြတ်ကိုလူကြုံပေးခိုင်းစရာရှိလို့”
“အဓိက ကနင်ငါ့ကိုခိုင်းချင်တာမို့လား"
“အကူအညီတောင်းတာပါဟာ။အခုပြန်ခဲ့စမ်းပါ”
“အေးလာပြီ"
တောတွင်းအပန်းဖြေစခန်းကနေနှင်းဆီမောင်ပြန်လာခဲ့သည်။ကျောက်တစ်လုံးဆေးရုံကိုရောက်
တော့ထွဋ်ခေါင်ကသော့တစ်ချောင်းပေးသည်။“ဒီသော့ညီမလေးလက်ထဲထည့်ပေး။ကိုကိုမသိစေနဲ့”
“ဘာလို့လဲ”
“ကိုကို့ရဲ့မီးခံသေတ္တာသော့။ငါညီမလေးဆီကငှားထားတာ။ကိုကိုသိလို့မရဘူး”
“အင်းပါ။သော့ပေးရုံပဲလား"
“သော့ပေးရုံပဲလေ။ဘာလုပ်ချင်သေးလို့လဲ"
“ဘာလုပ်ချင်တယ်ထင်လဲ"
“နင့်ဟာနင်လုပ်ချင်တာလုပ်။အခုသွားတော့။ညီမလေးစောင့်နေပြီ"
“အိုခေပါ"
နှင်းဆီမောင်ကျောက်တွင်းကိုချက်ချင်းပြန်လာခဲ့သည်။ထမင်းဆိုင်ကိုရောက်သွားတော့စုမြတ်ကသူ့ဆီအပြေးအလွှားရောက်လာသည်။အနားရောက်တော့ချော်လဲနေသည်။နှင်းဆီမောင်စုမြတ်ကိုဆွဲထူရင်း-
“သတိထားမှပေါ့ကလေးရယ်"
“မမအလုပ်ကနေပြန်လာရတာလား။အားနာလိုက်တာ"
“မလိုဘူးကလေး။ဒီမှာသော့"
“ကျေးဇူးတင်ပါတယ်မမ"
“ကျေးဇူးတင်ရင်ကျေးဇူးဆပ်လေ"
“ဆပ်မှာပေါ့။ထမင်းအလကားကျွေးမယ်"
BẠN ĐANG ĐỌC
My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)
Tiểu Thuyết Chung*ဒီကစပြီးရှေ့ကိုဆို××××သူ့ရဲ့လိုအင်ရှိတာတွေ××××သိအောင်ကြိုးစားရင်းလေ××××ကိုယ်ဖြည့်စွမ်းမယ်*