အခန်း(၆၃)

214 19 3
                                    

ညစာစားပွဲကပြန်လာတော့ကိုကိုကအခန်းထဲ
ရောက်တာနဲ့ခုတင်ကြီးပေါ်ပစ်လှဲချလိုက်သည်။ကိုကိုကပါတီပွဲတွေတစ်ခါမှမတက်ဖူးပေ။အဘိုးရဲ့အနီးကပ်သင်ကြားပေးမှုကြောင့်လူကုန်ထံအသိုင်းအဝိုင်းကြားမှာဟိတ်ဟန်အပြည့်နဲ့ကိုကိုပွဲတက်နိုင်ခဲ့သည်။ကိုကိုကဒီပွဲမှာအဘိုးရဲ့ဂုဏ်သိက္ခာကိုမကျစေရအောင်အတတ်နိုင်ဆုံးကြိုးစား
ပေးခဲ့သည်။

အခုတော့ကိုကိုပင်ပန်းနေရှာပြီ။ခုတင်အစွန်းမှာကွေးကွေးလေးအိပ်နေသည်။ထွဋ်ခေါင်ကို
ကို့ဘေးဝင်ထိုင်လိုက်ပြီးကိုကိုစီးထားတဲ့ရှူးဖိနပ်နဲ့ခြေအိတ်ကိုချွတ်ပေးသည်။ကိုကို့ရဲ့ကိုယ်ပေါ်ကကုတ်တွေ၊နက်ခတိုင်တွေပါချွတ်ပေးလိုက်သည်။ကိုကိုကမျက်လုံးလေးဖွင့်ကြည့်လာ
သည်။ဝိုင်သောက်ထားလို့ကိုကို့ရဲ့မျက်လုံးလေး
တွေကရီဝေဝေနဲ့ထွဋ်ခေါင်ကိုကို့ကိုကြည့်ပြီးသ
နားမိသည်။ကိုကို့ရဲ့နဖူးပေါ်ကဆံပင်လေးတွေကိုညင်ညင်သာသာနဲ့သပ်တင်ပေးရင်း-

“ကိုကိုပင်ပန်းနေတယ်မို့လား"

“အင်း"

“ရေချိုးပြီးမှအိပ်လိုက်ပါလား။လန်းလန်းဆန်း
ဆန်းဖြစ်သွားအောင်"

“အင်း"

ထွဋ်ခေါင်ကိုကို့ကိုရေချိုးခန်းထဲတွဲခေါ်ပြီးရေချိုးပေးသည်။ကိုကိုရေချိုးပြီးသွားတော့ကိုကို့ကိုအခန်းထဲပြန်ပို့ပြီးသူရေချိုးသည်။သူရေချိုးပြီးထွက်
လာတော့ကိုကိုကအိပ်ပျော်နေပြီ။

ထွဋ်ခေါင်ညဝတ်အင်္ကျီတစ်စုံလဲဝတ်ပြီးကိုကို့ဘေးတွင်ဝင်လှဲလိုက်သည်။ကိုကိုကအိပ်ပျော်နေပေမဲ့ထွဋ်ခေါင်ကတော့အိပ်လို့မပျော်။ဖုန်းထဲကနေစိုင်းထီးဆိုင်ရဲ့ခြင်္သေ့လည်ပြန်သီချင်းလေးကိုဖွင့်လိုက်သည်။တိတ်ဆိတ်နေတဲ့အခန်းထဲမှာသီချင်းသံကတိုးညှင်းစွာပျံ့လွင့်လာသည်။သီချင်းလေးကိုခံစားရင်းထွဋ်ခေါင်ကိုကို့မျက်
နှာလေးကိုငေးကြည့်နေမိသည်။

“ကြင်နာသူကိုယ့်အနားရှိနေခိုက်ဟာ×××ဘဝရဲ့အသာယာဆုံးအခါ×××ဒီအချိန်မှာကိုယ်ကြည့်ရင်းနဲ့××××သူ့ကိုသနားလာမိတယ်××××မကျင်
လည်ခဲ့ဖူးတဲ့သူစိမ်းနယ်ထဲမှာ×××အားငယ်လှ
ရော့မယ်×××

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Où les histoires vivent. Découvrez maintenant