ထွဋ်ခေါင်ကိုကို့ကိုအရက်တိုက်လို့မရတော့နောက်ဆုံးလက်နက်ကိုထုတ်သုံးလိုက်ရသည်။နွား
နို့ထဲအိပ်ဆေးထည့်ပြီးတိုက်လိုက်တာကိုကိုအိပ်ပျော်သွားသည်။ကိုကိုအိပ်သွားတော့မှစုမြတ်ဆီကတောင်းထားတဲ့မီးခံသေတ္တာသော့နဲ့မီးခံသေတ္တာကိုဖွင့်ကြည့်လိုက်သည်။အပေါင်ခံထားတဲ့စာချုပ်တွေနဲ့ရွှေထည်ပစ္စည်းတွေရှိသည်။သော့နဲ့တူတာကိုတော့မတွေ့။ရွှေထည်ပစ္စည်းထည့်တဲ့ဘူးတွေကိုလည်းဖွင့်ကြည့်ပြီးပြီ။နောက်ဆုံးကျန်တဲ့ကတ္တီပါရှုံ့အိတ်လေးကိုတွေ့တော့ဘာလဲဆိုပြီးဖွင့်ကြည့်လိုက်သည်။အထဲကသော့တံနှစ်ချောင်းနဲ့အနီရောင်ရွှေဘူးလေးတစ်ဘူးထွက်လာသည်။
ထွဋ်ခေါင်ဘူးနီလေးကိုဖွင့်ကြည့်လိုက်သည်။လက်စွပ်မောင်းကွင်းလေးတစ်ကွင်းထွက်လာသည်။လက်စွပ်ရဲ့အတွင်းပိုင်းမှာသီရိဝေဟုရေးထားသည်။သူ့အမေရဲ့နာမည်ပဲ။ဖေဖေတိုင်းဇေယျာကျော်ရဲ့လက်စွပ်ကိုအမေကသူ့ကိုပေးလိုက်သည်။အမေ့ရဲ့လက်စွပ်ကိုတော့ကိုကို့ကိုပေးသည်။
ကိုကိုကလက်စွပ်နဲ့အတူထားပြီးသိမ်းရတဲ့ဒီသော့ကဘယ်လိုသော့မျိုးလဲ။သော့ကနှစ်ချောင်းတွဲလေး။တစ်ချောင်းကကြီးပြီးတစ်ချောင်းကသေးသည်။ကြီးတဲ့သော့ကဂိုထောင်သော့ဖြစ်နိုင်သည်။တွဲလျက်ပါနေတဲ့သော့ပေါက်စလေးက
တော့ဘာသော့လဲသူမသိ။ထွဋ်ခေါင်သော့ကို
အိတ်ကပ်ထဲထည့်လိုက်သည်။မီးခံသေတ္တာထဲတွင်သော့နဲ့တူတာကိုနောက်ထပ်ရှာလို့မတွေ့။ဒိုင်ယာယီစာအုပ်တစ်အုပ်ကိုတော့တွေ့သည်။ကိုကို့ရဲ့စာအုပ်လေးဖြစ်သည်။ကိုကိုဘာတွေရေးထားလဲစပ်စုချင်မိသည်။ဒါပေမဲ့ထားလိုက်ဦးမည်။ပျောက်တာတွေများရင်သ
တိထားမိသွားနိုင်သည်။ကိုကိုကဒီအိမ်မှာရှိနေရင်မီးခံသေတ္တာကိုနေ့တိုင်းဖွင့်သည်။သော့ပျောက်တာမသိသာပေမဲ့စာအုပ်ပျောက်ရင်တော့သိသာလွန်းသည်။ထွဋ်ခေါင်ပစ္စည်းတွေကိုနေရာတကျပြန်ထားပြီးမီးခံသေတ္တာကိုပြန်ပိတ်လိုက်သည်။ထို့နောက်ဓာတ်မီးတစ်လက်နှင့်ထမင်းဆိုင်ရှိရာဘက်သို့ထွက်လာခဲ့သည်။
ESTÁS LEYENDO
My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)
Ficción General*ဒီကစပြီးရှေ့ကိုဆို××××သူ့ရဲ့လိုအင်ရှိတာတွေ××××သိအောင်ကြိုးစားရင်းလေ××××ကိုယ်ဖြည့်စွမ်းမယ်*