အခန်း(၄၄)

229 22 3
                                    

ထမနဲကချက်တဲ့အဆင့်ပြီးတော့နှယ်ရမဲ့အချိန်ရောက်လာသည်။ထမနဲအိုးကြီးကိုလူလေးယောက်ဝိုင်းမပြီးမီးဖိုပေါ်ကချကြသည်။ပူပူလောင်လောင်ထမနဲအိုးကြီးကိုနေရာမရွေ့အောင်လူနှစ်
ယောက်ကလက်ခုဝတ်တွေနဲ့ကိုင်ပြီးထိန်းထားသည်။

အမွှေဆရာကြီးဦးတင်မြိုင်ကယောင်းမကြီးနဲ့မွှေ
ပြီးအထက်အောက်လှန်သည်။တစ်ချိန်လုံးဘေးကနေရပ်ကြည့်နေတဲ့ထွဋ်ခေါင်ကိုမေမြတ်မွန်ကဇလုံတစ်လုံးပေးပြီး-

“ဆရာနှမ်းဖြူးလို့ရပြီ”

“ဗျာ"

“ဆရာနှမ်းဖြူးလို့ရပြီလို့။ဒီဇလုံထဲကနှမ်းကိုထမနဲအိုးထဲဖြူးပေး။နှံ့အောင်ဖြူးနော်ဆရာ"

ထိုအခါမှထွဋ်ခေါင်သဘောပေါက်သည်။သူနှမ်းတစ်ကုပ်ဖြူးချလိုက်တော့အမွှေဆရာကြီးကအထက်အောက်လှန်ပြီးမွှေသည်။ထမနဲကကောက်ညှင်းဆိုတော့စီးကပ်လုံးထွေးနေသည်။မေမြတ်မွန်နဲ့အဖွဲ့သားတွေကကျူ ရိုးတစ်ချောင်းစီကိုင်ပြီးထမနဲညက်အောင်ကျူ ရိုးနဲ့ဝိုင်းထောင်းကြသည်။

ထွဋ်ခေါင်ကနှမ်းဖြူးရုံသပ်သပ်သာ။နှမ်းနဲ့မြေပဲဆံ၊အုန်းသီးဆံတွေကိုတစ်ခါမွှေပြီးတိုင်းတစ်ခါ
ဖြူးသည်။နှမ်းဖြူးရတာပျော်စရာကြီး။အဆာနှံ့အောင်နဲနဲချင်းဖြူးပေးရသည်။အကုန်သွန်ချလိုက်
ရင်တစ်နေရာတည်းပဲစုပုံနေမှာဖြစ်သည်။အခုတော့ထမနဲပွဲမှာထွဋ်ခေါင်နှမ်းဖြူးတတ်သွားပါပြီ။

ရှေးလူကြီးတွေရဲ့စကားပုံကိုလည်းကွက်ကွက်
ကွင်းကွင်းသဘောပေါက်သွားသည်။အင်တိုက်
အားတိုက်လုပ်တဲ့ထဲမပါဘဲအပေါ်ယံဟန်ပြပဲလုပ်တဲ့သူကိုနှမ်းဖြူးတယ်လို့ပြောကြတာဒါကြောင့်ကိုး။

ထမနဲအိုးကိုကျူ ရိုးနဲ့ထောင်းတော့ကျူ ရိုးကအိုးအခြေထိရောက်သည်။အိုးအခြေမှာကပ်နေတဲ့ထမနဲဂျိုးတွေကကျူ ရိုးကိုပြန်ဆွဲနှုတ်တော့ကပ်
ပါလာသည်။ကျူ ရိုးကိုထမနဲအိုးထဲစိုက်ချလိုက်ပြန်နှုတ်လိုက်နဲ့ထမနဲထောင်းတော့ချိုးတွေကိုဖွသလိုဖြစ်ပြီးထမနဲဖြူ ဖြူ ချိုးမဲမဲတွေကနယ်သလိုဖြစ်သွားသည်။မဲမဲတွေဖြူ ဖြူ တွေရောကုန်သည်။

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Where stories live. Discover now