အခန်း(၂၇)

231 9 2
                                    

ထွဋ်ခေါင်နေပြည်တော်ကိုရောက်လာခဲ့သည်။
မနက်ဖြန်မှဖွင့်ပွဲလုပ်မဲ့တိုင်းလုံးကျော်ဟိုတယ်ဝင်းကြီးထဲကိုရောက်လာတော့အဘိုးရဲ့အတွင်းရေးမှူးကအဆင်သင့်စောင့်ကြိုနေသည်။ထွဋ်ခေါင်ကိုအဘိုးရှိတဲ့ဆီခေါ်သွားပြီးဟိုတယ်ရဲ့ VIP အခန်းတစ်ခန်းရှေ့တွင်ရပ်လိုက်သည်။

“အထဲမှာဥက္ကဌကြီးရှိနေပါတယ်။ဝင်သွားပါသ
ခင်လေး”

ထွဋ်ခေါင်အခန်းထဲဝင်သွားတော့ဝင်ပေါက်ကိုကျောပေးပြီးထိုင်နေတဲ့အဘိုးဖြစ်သူကိုတွေ့ရသည်။ငွေမင်ရောင်ဆံပင်တွေနဲ့အသက်(၇၀)အရွယ်သူဌေးကြီးဦးတိုင်းကျော်။ဆံပင်ဖြူ နေပေမဲ့အ
ခုထိအရွယ်မကျသေးတဲ့တိုင်းလုံးကျော်ကုမ္ပဏီရဲ့ဥက္ကဌကြီး။သူ့လက်ထဲတွင်ဖုန်းတစ်လုံးကို
ကိုင်ထားပြီးဖုန်းရဲ့မျက်နှာပြင်ပေါ်ကဓာတ်ပုံ
ကိုစိုက်ကြည့်နေသည်။ကျော်ထွဋ်ခေါင်ဆိုတဲ့သူ့မြေးရဲ့ဆရာဝန်ဘွဲ့ယူတုန်းကပုံဖြစ်သည်။

ဦးတိုင်းကျော်သူ့မြေးဓာတ်ပုံကိုမမှိတ်မသုံစိုက်
ကြည့်နေသည်။သီရိဝေဆိုတဲ့မိန်းကလေးကိုကြည့်မရပေမဲ့မြေးကတော့သူ့မြေးမို့မစွန့်လွှတ်နိုင်။သီရိဝေကသူမမြင်ကွယ်ရာမှာကလေးကိုမီးဖွားခဲ့ပေမဲ့ကလေးကသူ့မြေးဆိုတာသံသယပွားစရာမရှိ။ထွဋ်ခေါင်ရုပ်ကသူ့အဖေတိုင်းဇေယျာ
ကျော်နဲ့ချွတ်စွတ်တူနေသည်။

ဒီကလေးကိုပြန်ရှာမတွေ့ခင်ကဒီကလေးကိုသိပ်ပြီးမခင်တွယ်ပေမဲ့ပြန်ရှာတွေ့ခဲ့တဲ့အချိန်မှာသားဖြစ်သူနဲ့တူလွန်းတဲ့ရုပ်ရည်ကြောင့်ငါ့သွေးသားဆိုတဲ့စိတ်ကနိုးကြားလာခဲ့သည်။ဒီကလေးကသူ့ရဲ့တစ်ဦးတည်းသောမျိုးဆက်မို့ဘယ်လိုမှလက်မလွှတ်နိုင်။မြေးရဲ့စိတ်ထဲမှာအဘိုးဖြစ်သူ
ရဲ့လွှမ်းမိုးမှုကိုပဲရှိနေစေချင်တဲ့အတ္တစိတ်ကနဂိုမာနအခံကိုတွန်းအားပေးနေပြန်သည်။

မြေးကိုပြန်ခေါ်ဖို့ကြိုးစားတော့မြေးလေးကသူ့ရဲ့
ဆင်းရဲသားမိသားစုဘဝကိုခင်တွယ်ပြီးအဘိုးနောက်ကိုမလိုက်နိုင်ကြောင်းငြင်းဆန်လာသည်။နဂိုကတည်းကမျိုးရိုးစဉ်ဆက်ချမ်းသာလာသူမို့
ဆင်းရဲတဲ့မိသားစုအသိုင်းအဝိုင်းနဲ့မပတ်သတ်
ချင်။ထို့ပြင်ကိုယ့်မြေးကိုလွှမ်းမိုးချုပ်ကိုင်ထားနိုင်
တဲ့တရားခံကဘယ်သူလဲဆိုတာကိုရှာဖွေတွေ့
ရှိသွားတော့အံ့သြမိသည်။

My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)Where stories live. Discover now