ထွဋ်ခေါင်နဲ့စုမြတ်ဟန်သာအခန်းထဲတွင်မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ထွဋ်ခေါင်ကသူ့ညီမကိုသေသေချာချာကြည့်မိသည်။တစ်ထွာလောက်ပဲရှည်တဲ့ဆံပင်ကိုအကုန်သိမ်းပြီးစည်းထားသည်။ဘာအရောင်မှပြင်ဆင်ခြယ်သမထားဘဲနဲ့မျက်နှာပြောင်လေးနဲ့ကိုညီမလေးကတော်တော်လှသည်။ကိုကို့ရုပ်နဲ့တစ်စက်လေးမှမတူ
ပေမဲ့သူနဲ့ကတော့တော်တော်ဆင်တူသည်။“မင်းငါ့ကိုသိလား"
“ဟင့်အင်း"
“ကောင်းမြတ်ဟန်သာ"
စုမြတ်ကထွဋ်ခေါင်ကိုအံ့သြဆွံ့အစွာနဲ့ကြည့်နေမိသည်။အတန်ကြာမှသူမပါးစပ်ကစကားသံအချို့ထွက်လာသည်။
“ကိုကိုလေး"
“ဟုတ်တယ်။ငါမင်းရဲ့ကိုကိုလေးပဲ"
ထွဋ်ခေါင်ကလက်နှစ်ဖက်ကိုဆန့်တန်းပြီးခေါ်လိုက်တော့စုမြတ်ကသံပတ်ပေးထားတဲ့စက်ရုပ်လေးလိုမျိုးသူ့ဆီကိုထလာသည်။အနားကိုရောက်
တော့ထွဋ်ခေါင်ကသူ့ညီမကိုဖက်ပြီးပေါင်ပေါ်မှာထိုင်ခိုင်းလိုက်သည်။“ကိုကိုလေး"
“အရမ်းလွမ်းနေခဲ့တာ"
“ညီမလေးလည်းကိုကိုလေးကိုအရမ်းလွမ်းနေတာ"
“မေမေဆုံးသွားပြီဆို"
“အင်း…သုံးနှစ်ရှိသွားပြီ"
“အဆင်ပြေကြရဲ့လား"
“ပြေပါတယ်။ကိုကိုကြီးကကိုကိုလေးမွေးနေ့ကို
ရောက်တိုင်းမွေးနေ့အလှူလုပ်တယ်"“ဟုတ်လား။ငါဘယ်သူလဲဆိုတာကိုကို့ကိုပြန်မပြောနဲ့နော်"
“ဘာလို့လဲ။ကိုကိုကြီးကကိုကိုလေးကိုအရမ်းတွေ့ချင်နေတာကို"
“ငါကိုကို့ကိုပြု ပြင်ပေးစရာတွေအများကြီးရှိတယ်။ငါကသူ့ညီမှန်းသိသွားရင်ငါ့စကားကိုသူအ
လေးအနက်ထားမှာမဟုတ်ဘူး။ဒီအတိုင်းဆရာဝန်တစ်ယောက်အနေနဲ့ပဲသိနေပါစေ"“အင်း…"
“မပြောဘူးလို့ကတိပေး"
“ဟုတ်မပြောဘူး"
“အချိန်တန်ရင်ကိုကို့ကိုငါကိုယ်တိုင်ဖွင့်ပြောမယ်။ဒီကြားထဲမှာကိစ္စတစ်စုံတစ်ရာရှိရင်ညီမလေးကိုယ့်ဆီကိုဖုန်းဆက်။ဖုန်းနံပါတ်ယူထား"
VOCÊ ESTÁ LENDO
My Guiding Star ,လမ်းပြကြယ်...(လမ်းပြကြယ်)(Completed)
Ficção Geral*ဒီကစပြီးရှေ့ကိုဆို××××သူ့ရဲ့လိုအင်ရှိတာတွေ××××သိအောင်ကြိုးစားရင်းလေ××××ကိုယ်ဖြည့်စွမ်းမယ်*