လင်းအာရုဏ်ဦးကနင့်စီကစာအုပ်ငှားတယ်ဟုတ်လား
"ငါ့ကိုစာအုပ် ငှားအုန်း "
"အယ် ငါကနံပါတ် (၃)အပုဒ်မပြီးသေးဘူး ပြီးတော့လက်ရေးကလည်း သေးတော့ လမင်းကျော်စီက ငှားလိုက်ပါလား "
"ရတယ် နင့်စာအုပ်ပဲပေး "
"အေရော့ "
သူမနမည်က မိုးအိန္ဒြေဖြူ .စာတော်သည်လဲမဟုတ် စာမတော်သည်လဲမဟုတ်ပေ ..ပုံမှန် ပါပဲ အတန်းထဲမှာသာမာန်မိန်းကလေးတစ်ယောက် ..ယောကျာ်းလေးတွေနဲ့လည်း ကင်းကင်းရှင်းရှင်း ရှိသည်။
တစ်နည်းအားဖြင့် ယောကျာ်းလေးသူငယ်ချင်းမရှိသည်ဆိုပိုမှန်၏။
ဖြူမှာက သူငယ်ချင်း၃ယောက်ရှိသည်။
ဆုလာဘ်ရယ် မျိုးမြတ်ဦး ရယ် ၀တ်မူန်ရယ်ပင် ..
ဖြူနဲ့၀တ်မူန်နဲ့က တစ်တန်း ဆုလာဘ်နဲ့ မျိုးမြတ်ဦးရယ်ကတစ်တန်းပင် ...ခုံတွေရှေ့နဲ့နောက် ကွဲသွားတာဖြစ်သည်။မိန်းကလေးအတန်း roleတွေကပြည့်သွားတာကြောင့် ဖြူနဲ့ ၀တ်မူန်ကနောက်ဆုံးတန်း တစ်နည်းအားဖြင့် ယောကျာ်းလေး အတန်းတွေရဲ့နောက်မှာဖြစ်သည် ။
အတန်းလိုက်အမြဲတန်း နေရာပြောင်းရပေမဲ့ ဖြူနဲ့ ၀တ်မူန်ကတော့ မပြောင်းရပေ။
"ဖြူ ငါ့ကိုနင့်စာအုပ်ငှားအုန်း "
"ဘာစာအုပ်လဲ "
"သင်္ချာလေ ခုနက စက်ရုပ်က ဘာတွေသင်သွားမှန်းမသိဘူး ငါအိပ်ငိုက်နေလို့ အဟဲ "
အမှန်တော့သင်္ချာဆရာမကမျက်နှာတည်ပြီး သူစာသင်နေတဲ့အချိန် အရယ်အပြုံးမရှိတာကြောင့်ကျောင်းသားတိုင်းက စက်ရုပ်လို့ လျို့၀ှက်နမည်ပေးထားကြခြင်း။
"ဟယ် စောစောကမပြောဘူး ၀တ်မူန်ရယ် ဟိုမှာ လင်းအာရုဏ်ဦး ငှားသွားပြီ "
"ဘာ လင်းအာရုဏ်ဦး "
"ဟယ် ဖြေးဖြေးပြောပါ မ၀တ်မူန်ရယ် ငါ့နားတွေလည်းအူကုန်ပါဦးမယ် "
"မဟုတ်ပါဘူး ငါကအံ့သြလို့ပါ သူကသူ့ဘာသာတွက်လို့ရရဲ့သားနဲ့ ဘာလို့နင့်စာအုပ်ကိုမှလာငှားရတာလဲ ငှားချင်ရင် လမင်းကျော်တို့စီက ငှားလို့ရရဲ့သားနဲ့ကို သူတို့တစ်ကျူရှင်ထဲလေ "