အပိုင်း (၁၈)
သူတို့ရဲ့ First dateဟာ မြို့ပတ်လမ်းက ဆိုင်လေးတစ်ဆိုင်ရဲ့ ထောင့်၀ိုင်းတစ်ခုတွင်သာပြီးဆုံးသွားတော့သည်။
ဆရာက ကျူရှင်၀ိုင်းတွေလည်းပြန်ဖွင့်ပြီဖြစ်၍ ဖြူ့ဖြူ့ကိုအိမ်ကဖုန်းမကိုင်ခိုင်းတော့ပေ။
ကျောင်းပိတ်ရက်ဖြစ်တဲ့ စနေတနင်္ဂနွေရက်တွေမှသာ လင်းအာရုဏ်ဦးနှင့်ဖုန်းပြောခွင့်ရသည်။
ဒါတောင် ဟိုဘက်ကရည်းစားက ကျူရှင်ချိန်တွေမရှိ ခိုးထွက်လို့ရမှ ပြောခွင့်ရသည်။
လင်းအာရုဏ်ဦးခိုးထွက်လို့ရ/ အားလပ်ချိန်တွေက တနင်္ဂနွေမဟုတ်ရင် ဖုန်းဆက်လို့မရ။တစ်ခါ အမေဖြူ့ဖြူ့ဖုန်းထဲက
candy crushဂိမ်းစော့နေသည့်အချိန် လင်းအာရုဏ်ဦး ဖုန်းဆက်သည့်အချိန်နှင့်တိုးပါလေရော ...အဲ့နောက်ထဲ ရည်းစားက တနင်္ဂနွေနေ့မဟုတ်ရင်မဆက်တော့ ။သူပြောတာကတော့ ကြောက်လို့ပါတဲ့လေ ။ကိုယ့်ချစ်သူရဲ့ အုပ်ထိန်းသူ ဖြစ်တာမို့ ကြောက်သင့်ပါတယ်လေ။
"ဖြူဖြူ နင်ဟယ်အခုမှလှလာခါစရှိသေးတယ် ဘယ့်နှယ့် မညှပ်နဲ့ပေါ့ "
"ခေါင်းတွေရူပ်တော့မှာဟဲ့ ကြိုညှပ်ထားမယ် မျိုးမြတ်ရယ်"
"မပြောချင်တော့ဘူး နင့်ကိုတော့ ဒါရည်းစားကညှပ်ခိုင်းတာတော့မဟုတ်ဘူးမလား "
"ညှပ်ခိုင်းစရာလား မောင် ..အဲလင်းအာရုဏ်ဦးက သူညှပ်ခိုင်းတိုင်းလည်းငါကညှပ်စရာလား"
"အမလေးဟဲ့ မိုးအိန္ဒြေဖြူရယ် ငါတို့နားလည်ပါတယ် မောင်ဆိုရင်လည်း မောင်လို့ပဲခေါ်စမ်းပါ အလုပ်မရူပ် ရူပ်အောင် လင်းအာရုဏ်ဦး လင်းအာရုဏ်ဦးနဲ့ ငါတို့ပိုအမြင်ကပ်စရာကောင်းတယ်"
"ဟဲဟဲ နင်တို့ကလည်း "
ဖုန်းနဲ့အဆက်သွယ်ရတာမှန်ပေမဲ့ ...ကိုယ်တော်က သူ့သူငယ်ချင်းသူရစိုးအကူညီနဲ့ ပုံနှင့် စာထည့်ပေးလိုက်သည် ဖြူဖြူ့ကိုပါ ပုံနဲ့ စာပြန်ထည့်ပေးလိုက်ရန် အမှာတော်ကပါးလိုက်ပါသေးသည်။
အရင်ကထက် အရပ်ရှည်လာတာမှန်ပေမဲ့ အကြောစိမ်းတွေထောင်ထနေအောင်ဖွေးသည့် အသားက ဓာတ်ပုံထဲမယ် မဲသယောင်ယောင် မျက်နှာကလည်း ချောင်ကျသွားသည်။