အပိုင်း(46)
"မနက်ဖြန် ကျွန်တော်ပဲခူးဆင်းမယ်"
"မဖြစ်ဘူး မင်းအဲ့ဘက်ကိုခြေချလို့မရဘူးဆိုတာမသိဘူးလား"
"ဘာဆိုင်လို့လဲ ကျွန်တော့်အန္တရာယ်ကျွန်တော်ကြည့်နိုင်တယ် မကောင်းမှုဒုစရိုက်လုပ်နေတာမဟုတ်ဘူး ဦးလေးသော်"
"ဒုစရိုက်မလုပ်ပေမဲ့ မင်းလုပ်နေတာတွေက ကျော်တာခွဝာာတွေကွ အဲ့ပဲခူးက ကုန်သည်ကြီးနှစ်ဦးနဲ့ မင်းညှိထားတာငါမသိဘူးထင်နေလား ကျောက်စိမ်းပွဲစားစီကလည်းမင်းဖြတ်လုထားတာတွေအကုန်ငါပြန်ကြားတယ် မာမီကြီးကလည်းမင်းကို ပဲခူးမဆင်းရဘူးလို့စည်းကမ်းထုတ်ထားတာပဲမဟုတ်လား"
"သူတို့ညံ့လို့သူတို့ခံရတာလေ ဒီလောက က လျင်သူစားကြေးကိုဦးသော်လည်းသိသားပဲ အဟွန်း"
"ကောင်လေး မင်းကိုငါမနိုင်တော့ဘူး မင်းမာမီကြီးလာမှပြောတော့"
Johnဆိုတဲ့သူကဖြစ်ချင်ပြီဆိုရင်အကုန်ဖြစ်အောင်လုပ်ရမှ မာမီကြီးကသူ့ကိုမွေးစားထားတာမို့johnကမာမီကြီးစကားတော့နားထောင်သည် ။
ရိုသေသည်။
မိုးကုတ်မှာjohnဘာကိုသတိမရပဲသွေးအလိမ်းလိမ်းပေပွကာ ကားလမ်းဘေးမှာလှဲနေခဲ့သည်ကိုမာမီကြီးက ခေါ်ယူကာအလုပ်ပေးထားခြင်း။
အားလုံးထဲမှာအငယ်ဆုံးဖြစ်သည့်အပြင် လုပ်ရည်ကိုင်ရည်ကလည်းသွက်သည်မို့ မွေးစားသားအဖြစ်တရား၀င်ကြေညာထားသည်။မိုးကုတ်တွင်johnကိုဦးစီးစေကာ မာမီကြီးကတော့ ရန်ကုန်မှာဦးစီးသည် ။ လားရှိူးကိုလည်းတစ်ခါတစ်လေ အလုပ်ကိစ္စတွေဖြင့်သွားရတတ်သည်။
သေချာတာကတော့ မာမီကြီးရဲ့အလုပ်တွေဟာ johnထင်သလောက်မရိုးရှင်းပေ။
မာမီကြီးပေးသိသလောက်သာသိရသည်။
သားအရင်းတစ်ယောက်၊မြေးအရင်းတစ်ယောက်ကဲ့သို့သဘောထားသည့် မာမီကြီး၏မေတ္တာကိုjohnမြင်ရနိုင်သည်။မာမီကြီးကတော့ထုတ်မပြပါ။ဘယ်သွားရမှန်းမသိ ကို့ကိုယ်ကိုဘယ်သူမှန်းမသိတဲ့အခြေနေမျိုးမှာကယ်တင်ပေးခဲ့တဲ့မာမီကြီးသာသူ့ရဲ့တစ်ဦးတည်းသောကျေးဇူးရှင်။