အပိုင်း(၃၀)
ညကအစောကြီးအိပ်ပြီး နိုးစက်ပေးတာတောင်ဒီမနက်၆နာရီတောင်ထိုးပြီးဖြစ်သည်။
အိပ်ရာအမြန်သိမ်းပြီးအောက်ထပ်ကိုမျက်နှာသစ်ကိုယ်လက်သန့်စင်ရန်အပြေးအလွှားသွားရတော့သည်။"အမလေး ဟဲ့သြနင်ဘာထိုင်လုပ်နေတာလဲဒီမှာ"
"ဟင်းချက်မို့လေ ဘယ်ကစလုပ်ရမယ်မှန်းမသိလို့ထိုင်နေတာ"
"ဟဲ့ငါ့ကိုလာနိုးလေဘယ့်နှယ်ဟယ်အဲ့တိုင်းထိုင်နေလို့ပြီးမလားအစထဲကခေါ်မနိုးပဲဟယ်နင်နဲ့လည်း"
"လာခေါ်နိုးမို့ပဲဟိုရောက်ရင်နင်အိပ်ငိိုက်နေမှာဆိုးလို့"
"ဖယ်ဖယ် ငါလုပ်မယ်ကြက်ဥကြော်ပေးမယ်နေ့လည်စာတော့လာမပို့တော့နဲ့နော်ငါ့ဟာငါပဲအဲ့ဘေးကဆိုင်ကနေ၀ယ်စားလိုက်တော့မယ်"
"စလာပြီအလွယ်တွေ မိုးအိန္ဒြေဖြူတို့က"
"ဟဲ့နင့်ထက်အငယ်လားငါက သြနော်ရိုင်းလာတာဟွန့် မြန်မြန်ဆိုင်ကယ်ထုတ်ငါနောက်ကျတော့မှာပဲ"
"အေးပါနင်သာမြန်မြန်ထမင်းချိုင့်ထည့်ပါငါကအေးဆေး ကြည့်ရတာပြာယာကိုခက်နေတာပဲ "
"ဟိုဘက်အိမ်ကမောင်နှမတွေစောစောစီးစီးသွားကြတော့မို့လား"
"ဟုတ်တယ်ဖွားလေးရေသွားတော့မယ်"
"ဂရုစိုက်သွားအုန်းနော်ဖြူလေး"
"ဟုတ်ကဲ့"
.
.
.
"လင်းဦး သားရေအခုတစ်လောအခန်းထဲမှာကြီးပဲမာမီတွေ့နေတာ အပြင်မထွက်တောဘူးနော်ဘာဖြစ်တာလဲ""ဘာမှမဖြစ်ပါဘူး စိတ်ထင်လို့နေမှာပါ သားမြို့ထဲခနသွားအုန်းမယ်"
"အေအေ"
....................."sorryကွာသူရစိုးအဲ့နေ့ကငါဘာဆိုဘာမှမသိခဲ့တာစာမေးပွဲပြီးထဲကခရီးထဲလိုက်သွားတာ"
"ရပါတယ်အေးဆေးပါ ငါလည်းထင်ပါတယ်မင်းတစ်ခုခုစိတ်ခုစရာရှိနေလို့ဆိုတာ ပထမတော့စိတ်တိုသွားတာအမှန်ပဲ ...ဖြူဖြူနေရာသာဆိုတွေးကြည့်မနေနဲ့တော့"
"အင်းငါဘယ်လိုလုပ်ရမလဲ သူ့အိမ်လိုက်သွားရမလား"
"ဟအရင်လိုသူ့အိမ်မှာကအဖေ ၊အမေရှိတော့တာမဟုတ်ဘူး၀င်ချင်တိုင်း၀င်ထွက်ချင်တိုင်းထွက်လို့မရတော့ဘူးကွ စဥ်းစဥ်းစားစားလုပ်စမ်းပါငါ့ကောင်ရာ"