အပိုင်း(52)
ရန်ကုန်က ပြန်လာပြီး ဖြူဖြူအတွက်မုန့်နဲ့ လက်ဆောင်အချို့ပါပေမဲ့ပေးဖို့ကခက်နေသည်....အိမ်ထိလည်းလိုက်မသွားရဲ၊အလုပ်ထဲဆို သူ့မောင် ရှိတော့ပိုပြီးတောင်ဆိုးနေသေးသည်။
အကြောင်းပြချက်တစ်ခုရှာပြီးတော့ သူလှုပ်ရှားမှဖြစ်မည်၊ မဟုတ်လျှင်သူနှင့်ဖြူဖြူကသူငယ်ဆိုသည့်အဆင့်မှာတင်ရပ်နေကြရလိမ့်မည်....
ရန်ကုန်ကပြန်ရောက်တော့ဖြူဖြူနှင့်တွေ့ဖို့သွားတာလင်းဦးကိုအတွေ့မခံ၊သွားမယ်လို့ပြောတုန်းကတောင် ကောင်းကောင်းမွန်မွန်ပြောခဲ့ကြသေးတာပဲ တစ်ခုခုတော့ တစ်ခုခုပါပဲ။
အိမ်ကိုပြန်တော့လည်းအဖွားကအိပ်ယာထဲလဲပြီး အမေကမျက်နှာမကောင်း။
သူလည်းသူ့အပူနှင့်သူမို့သေသေချာချာတော့မမေးဖြစ်လိုက်။အဖွားနဲ့အမေရယ် အမတွေရယ်ကအရင်အိမ်မှာပဲပြန်လာနေသည်..သူကတော့ဦးလေးအိမ်မှာပဲဆက်နေဖြစ်သည်။
ငယ်ဘ၀အသဲကွဲဒဏ်ကို အခန်းပိတ်ပြီးအလူးအလဲခံစားခဲ့ရတာတွေပြန်အမှတ်မရချင်။
မောင်က မင်းကြောင့်နဲ့ဘယ််လိုဒုက္ခမျိုးဖြစ်ဖြစ် တစ်ကြိမ်တစ်ခါမက အကြိမ်တစ်ရာဆိုလည်းကျေကျေနပ်နပ်ကြီးခံပါ့မယ် ....အဲ့တုန်းကခံစားခဲ့ရတဲ့အတိုင်းပြန်ခံစားရလဲဖြစ်ပါတယ် ....ဒါပေမဲ့ မောင့်ကိုပြန်လက်ခံပေးပါ။
"မင်းကူးချည်သမ်းချည်လုပ်မနေနဲ့ တစ်ခုခုကိုဇွဲရှိရှိလုပ် "
ဦးလေးက ဘာကိုပြောတာလဲမသိပေမဲ့သူဟုတ်ဆိုပြီးပဲပြောခဲ့လိုက်သည်။
လောလောဆယ်ဆယ် ဖြူဖြူက သူ့ကို ကြည်မနေတာကြောင့် သူလည်းဘယ်သူ့ကိုမှကြည်မနေပါ။မျိုးသိုက်လင်း ခေါင်းကိုဖြေးညှင်းစွာခါရမ်းပြီး သူ့တူအတွက်ရင်လေးမိသည်။
ဖြူဖြူက သူတို့မိသားစုအပေါ်အခုထက်ထိတောင်အောင် မုန်းနေသေးတာပဲ ...ဒါလည်းသူ့အမှားတော့မဟုတ်ပါဘူးသူတို့ဘက်ကလည်း မုန်းလောက်အောင်လုပ်ထားတဲ့ကိစ္စတွေကအထပ်လိုက်ကိုး။
"ဟယ်လို johnပြောနေပါတယ်"
"မတ်ရွှေရည်ပါjohnရဲ့ "