အပိုင်း (7)

1.9K 55 0
                                    

ငယ်ကချစ်နှစ်တစ်ရာ

အပိုင်း (၇)

"မေဘေး မင်းပိုင် မင်းဒီရုံမြင်လို့ ဒီချုံထွင်တာပေါ့"
လင်းဦးသည် ဘေးနားကနေ တိုးတိုးတိတ်တိတ်သူ့အားဆဲရေးနေတော့သည်။
သူတို့စ...မတ်တပ်ရပ်ထဲကမြင်သား...
ခံလိုက်အုန်း ငါ့ကောင် ဟားဟား

လင်းဦးမှာသာ မျက်နှာတွေပူပြီး ဘယ်နားသွားထားလို့ ထားရမှန်းမသိပေ ။

ကြားထဲကပြောသွားကြသေးသည် ..ဆုလာဘ်နှင့်၀တ်မူန်က ခေတ်လူငယ်မိန်းကလေးတွေပီပီသူတို့ဒါကို ဘယ်သူမှလိုက်မပြောပဲ လျှိူ့၀ှက်ထားပေးမည်ဆိုပဲ ။ အဲ့တာကအရေးမကြီးပေ ဟိုသေးသေးလေးက သူ့အားတလွဲတွေထင်သွားမှာ သေချာနေပါပြီ ..။
.
.
.
.
.
.
"လင်းဦး"

"သြော်အမေ လမ်းကြုံလား"

"ဟဲ့ ဒီနေ့ကျောင်းဖွင့်မှာဆို လိုက်ပို့မို့ပေါ့ စစတက်ချင်းမှတ်လား"

"ရတယ် အမေတို့အလုပ်တွေသာအေးဆေးလုပ်ပါ နီးနီးလေးပဲရတယ်"

"လင်းဦး မင်းအမေက လိုက်ပို့ချင်လို့လာစောင့်နေတာကို သွားလိုက်သွား မမနင့်သားကိုလိုက်ပို့လိုက်"

လင်းဦးလည်းဘာမှပြောမနေတော့ပဲ သူ့အမေနောက်ကိုသာလိုက်သွားတော့သည်။

"ဖြူဖြူ ငါတို့အလယ်တန်းနေရာယူလိုက်မယ်လေ"

"ငါကရှေ့မှာထိုင်ချင်တာ ဒါမှ စာလုပ်ဖြစ်မှာဆုလာဘ်ရဲ့ "

"မဆိုင်ပါဘူး ဖြူဖြူရယ် နင်နဲ့လည်း"

"လုပ်ပါဟယ် အရှေ့ဆုံးမှာထိုင်မယ်နော် "

"အေးစိတ်ကြိုက် ဒေါ်မိုးအိန္ဒြေဖြူ"

၈တန်းတွင်အမှတ်နှင့်ခွဲသောကြောင့် သူမတို့လေးယောက်သည် ရောယောင်ပြီး bioသမားတွေနဲ့ Aခန်းသို့ နေရာရကျ၏။
ecoဆိုလို့ သူတို့လေးယောက်နှင့် နောက်ထပ်ယောကျာ်းလေး ၅ယောက်လောက်သာရှိသည်။

နေရာတွေအတန်းတွေသိပြီးတဲ့နောက် တစ်ဘာသာပြီး တစ်ဘာသာ၀င်လိုက်ထွက်လိုက်ဖြင့်စာတွေသင်သွားကြတော့သည်။
ပထမနေ့ဖြစ်လို့လားတော့မသိပေ ကျောင်းသားတွေဟာတက်တက်ကြွကြွများဖြင့် မြူးထူးပျော်ပါးနေကြတော့သည်။

ငယ်ကချစ်နှစ်တစ်ရာ✅✅✅Where stories live. Discover now