အပိုင်း (49)
အပိုင်း (7)
"မအေးနော်ပြောပါ ကျမတောင်းပန်ပါတယ်"
"ငါ့ကိုသတ်ဖို့ကြိုးစားတဲ့လူကို ငါယုံရမှာလား"
"ကျမဒီကလေးနှစ်ယောက်ကို စောင့်ရှောက်မှာပါ ဘယ်လိုမျိုးပဲဖြစ်ဖြစ်"
" နင်မစောင့်ရှောက်လည်းဟ်ုကလေးနှစ်ယောက်ကကိုယ့်ဟာကိုယ်အစကတော့မပြောပြဘူးလို့တွေးထားပေးမဲ့ နင်သိသင့်တယ်ထင်လို့"
"ပြောပါ"
"နင်တို့မိသားစုကကလေးတစ်ယောက်လုံးကိုတောင်မကျွေးနိုင်ဘူးလားတစ်ရက်တစ်လေတောင် ဟမ်"
"ဘာကိုလဲ"
"မီးတွင်းထဲကထွက်ထွက်ခြင်း ပေါင်မပြည့်တဲ့ကလေးကိုအပြင်ခေါ်ထုတ်လာပြီး အညှော်ခံပြီးလာပို့တာလေ ကလေးကိုကျီးထိုးထိုး ခွေးစားစားခြံရှေ့မှာလာပစ်သွားတာ ကောင်းကြသေးရဲ့လားဟမ်"
ဒေါ်အေးနော်ကမျက်ရည်တွေလည်လျက်ပြောလသည်။
"ခြံရှေ့မှာလာပစ်သွားတယ်!!!""အခုမှအတိတ်မေ့သလို ရွှေပျောက်သလိုလုပ်မနေနဲ့ နင်တို့မိသားစုဟာလေ မွေးကာစကလေးကိုတောင်မျက်နှာလွဲဂဲပစ်နဲ့ အမေအရင်းကပြီးပြီးရောပစ်နိုင်ပေမဲ့ ငါ့ယောင်းမကမပစ်နိုင်ဘူးဟဲ့ သူလည်းတတ်နိုင်သလောက်ကုခဲ့ပါသေးတယ်"
"ဘာ ..ဘာကို ကုခဲ့တာလဲ"
"ခြံရှေ့မှာညဘက်ကြီးလာပစ်သွားမှတော့ ကလေးကအေးပြီးတောင့်နေပြီပေါ့ဟဲ့ မွေးကာစကလေး၊ပေါင်မပြည့်တဲ့ကလေး၊ မွေးထဲကအသက်ကရဲ့ရဲ့လေးပါလာတာလားမသိတဲ့ကလေးကိုနင်တို့မို့ဟယ် "
"ဒါ ဒါဆို ကလေး ကလေးကကောအခုဘယ်မှာလဲ"
"သေပြီပေါ့ဟဲ့ အဲ့လိုအခြေနေမျိုးနဲ့ဘယ်လိုကလေးကအသက်ရှင်နိုင်မှာလဲအခုမှကလေး ကလေးနဲ့လာတမနေနဲ့ နင့်လိုအမေမျိုးရဲ့ကလေးမဖြစ်ချင်လို့အစောကြီးသေသွားတာငါ့တူလေးက"
"ဒါ ဒါဆို မင်း မင်းမင်းကိုကကောဘယ်သူလဲ"
"ငါ့တူလေ ဘာလဲနင့်သားလို့ထင်နေတာလား အဟွန်း ငါ့အကိုတရား၀င်မိန်းမကမွေးထားတဲ့တစ်ဦးတည်းသောကလေး ...နင်မွေးထားတဲ့နင့်သားကသေပြီ သေပြီဟဲ့သေပြီ"