အပိုင်း (51)
ကားပေါ်ရောက်ပြီးမောင်းထွက်သွားသည်အထိ ဒေါသကမပြယ်သေး....စောက်ရှက်မရှိသူ့ကိုလာပြီးတောင်ပြောရဲသေးတယ်...ဖြူဖြူလည်းဘယ်လိုကောင်တွေနဲ့ပတ်သတ်ခဲ့လဲမသိဘူး....
ဖြူဖြူအကြောင်းပြန်တွေးမိတော့ သြ
ရင်မောရသည်....သူ့အမကကော အဲ့လူအပေါ်စိတ်ပြတ်နိုင်ရဲ့လား....တစ်လမ်းလုံးအတွေးများအပြည့်ဖြင့် အိမ်ကိုဘယ်လိုရောက်လာမှန်းတောင်မသိလိုက်...အမကတစ်ယောက်တည်းမို့ဒါတောင် သုံးယောက်လောက်ဆို သြရသမင်း တွေးပူပေးရလွန်းလို့ လူလည်းဟန်မှာကိုမဟုတ်ဘူး။
"သြ...မအိပ်သေးရင် ရေတင်ဦးလို့ မီးမပြတ်ခင်"
"အေးအေး"
သူ့အမက စိတ်မကောက်တတ်တာလား၊ ဘာလားမသိ အခုလည်းပြန်ခေါ်နေပြန်ပြီ ...သူပဲစိတ်ကောက်သွားပြီးတော့...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
"လင်းဦး ခွေးမိူင် မိူင်မနေနဲ့ ငါ့ကျူရှင်လာဘ်ပိတ်တယ်"
"ဦးလေးကလည်း"
"အခြေနေက"
"မကောင်းဘူး"
"ထိပ်တိုက်ရှင်း...အခုလိုမျိုး နောက်ကနေ ပုန်းလျှိုး ကွယ်လျှိုးလိုက်မနေနဲ့ ယောကျာ်းပဲကွာ ပါးရိုက်ရင်လည်းခံလိုက်ပေါ့ "
"ကျွန်တော့်ဘက်က အကုန်အဆင်သင့်ဖြစ်တယ် ဆရာ့တပည့်မက မျက်နှာချင်းဆိုင်ကို မဆုံမိအောင် သူကပုန်းနေတာ"
"နည်းနည်းပါးပါးတော့ လူကြမ်းလုပ်သင့်ရင် လုပ်ပေါ့ကွ "
"သွားပြီ ဦးလေး "
"ဟ ဒီကောင်"
ဆယ်နာရီခွဲမို့ အခုချိန်ဆို သူ့သေးသေးလေးက ယောက်ဖအတွက်ထမင်းချိုင့်သွားပို့သည့်အချိန် ။
ဟိုကပြန်လာပြီးထဲက အမြဲနောက်ကလိုက်နေတာမို့ဘယ်အချိန် ဘာလုပ်တယ်ဆိုတာ သိနှင့်နေပြီဖြစ်သည်။"ဟင် "
အရင်နေ့တွေက နောက်ကလိုက်နေတာ ရိပ်မိပြီးသားဖြစ်ပေမဲ့ ဒီလောက်ထိရဲ လာလိမ့်မယ်ဟု မထင်ထား၊
"ခန လေးပဲ မောင်ပြောစရာရှိလို့ "
"ငါ့မှာနင်နဲ့ပြောစရာ ဘာမှမရှိဘူး ...ဖယ်ရှေ့က ငါဖြတ်တိုက်မှာနော်"