ငယ်ကချစ်နှစ်တစ်ရာအပိုင်း (၈)
"ပေါက်ပေါက်ရှာရှာ "
"ဒါဆိုဘာလဲ "
"ဘာမှမဟုတ်ဘူး အတန်းထဲတူတူ၀င်မယ် "
"အယ် "
"ဘာလို့ရပ်သွားရတာလဲ လာလေ "
တစ်ကယ်ပဲ ဘာဖြစ်ချင်နေတာလဲသူက အတန်းထဲတူတူ၀င်သွားရင် ဟိုဟာမတွေစမှာသေချာပါသည်။
"ရော့ နင့်အတွက်"
"ဟင် "
"ဘာလို့ကြောင်တောင်တောင်လာကြည့်နေတာလဲ ယူလေ "
"မယူပါဘူး ငါကသူများကျွေးတိုင်း မစားဘူး "
"ရတယ်လေ အတန်းထဲမှာသွားထားလိုက်မယ်"
"အယ် ..အယ် လင်းအာရုဏ်ဦး ငါယူမယ် ယူမယ် သွားမထားနဲ့ "
မယူချင်ပေမဲ့ ပဲနို့ဗူး ကြီးမြင်တော့ ၀မ်းသာသွားရ၏။ ကိုယ်ကြိုက်သည့် အစားအစာပဲလေ။သူမမှာအပြေးအလွှားဖြင့် ဟိုကောင်နောက်လိုက်ရတော့သည်။အတန်းထဲမှာကခုချိန်ဆိုလူစုံလောက်နေပြီ သူကတစ်ကယ်ကြီး သွားထားရင် ရိုက်ပေါက်တွေဖြစ်ကုန်တော့မယ်။
သူ့နောက်ကအင်္ကျီစကိုပိုင်းစိုးပိုင်နင်းနဲ့လာဆွဲနေတဲ့သေးသေးလေးကြောင့် လင်းဦး လစ်ကနဲပြုံးလိုက်မိသေး၏။
ဘာပဲလုပ်လုပ် ချစ်စရာကိုကောင်းနေတော့တာပဲ။သူမတို့ နှစ်ယောက် ကျောင်းရှေ့တည့်တည့်ရောက်ချိန်တွင် ကျောင်းတက်ခေါင်းလောင်းထိုးပြီ။
နိုင်ငံတော်သီချင်းလည်းစဆိုနေကြပြီဖြစ်သည်။
Azamaniကွင်း ကကျောင်းပန်းခြံကိုပတ်ထားသောကြောင့် အခုကျောင်းပန်းခြံကိုပြင်နေသည့်အချိန်တွင် ကိုယ့်အတန်းရှေ့တွင်သာ အားလုံးအလေးပြုကြရသည်။နှစ်ယောက်သားအပြေးအလွှားဖြင့်သွားကြသော်လည်းမမှီတော့ချေ။
ကျောင်း၏စည်းကမ်းတစ်ခုထဲတွင်ပါ၀င်သော နိုင်ငံတော်သီချင်းဆိုနေချိန်တွင် မလူပ်မယှက်ပဲ ပုံမှန်နည်းတူသွားနေသည့်ခြေလှမ်းများအားရပ်ပြီး ခြေစုံရပ်အလေးပြုကျရမည်။အခုတော့ဖြင့် ကျောင်းသားအားလုံးရှေ့တွင် နှစ်ယောက်ထဲ ထီးထီးကြီးအလေးပြုနေရတော့သည်။