အပိုင်း (၂၁ )
"ဟေ့ကောင် လင်းဦး ဘယ်ကိုလဲ လာဟာ ဟေ့ယျောင် ကျန်း "
"ငါ×ိုးဥက္ကာ မင်းမွှေးထားတဲ့မီး မင်းရှင်း သောက်ပြသနာကိုမီးထွန်းရှာတဲ့ကောင် "
"ဟ ငါလည်းဘယ်သိမလဲကွ ဖြူဖြူကလင်းဦးကို playတယ်ထင်သွားလို့လေ"
"အသိလား "
"သူ့ရည်းစား "
"သြော်ထိုင်လေ ညီ "
သူမလာခင်ကတော့ ဟီးဟီးဟားဟားဖြင့် အခုသူ၀ိုင်းထဲလည်းလာရောချက်ချင်းမျက်နှာသေဖြင့် ပိတ်ခေါက်ချင်လိုက်တာ ဒီသေးသေးကွေးကွေးလေးကို ....
"ဟိုဘက်တိုးပေး .."
"ဟဲ့ဖြေးဖြေးသာသာလုပ်စမ်းပါ လင်းဦးရယ် "
မျိုးမြတ်နှင့် သူမကြားကိုမရမကဖြဲ၀င်နေသည့် လင်းအာရုဏ်ဦး ..
"အဟင်း ကိုနေဘုန်းထွဋ် ဒါကဖြူဖြူ့ချစ်သူ လင်းအာရုဏ်ဦးတဲ့ "
"ကိုကိုဒါက သဲလေးတို့ထက်တစ်နှစ်ကြီးတဲ့ ကိုနေဘုန်းထွဋ်တဲ့ "
"အင်း "
လေထုကတိတ်ဆိတ်လျှက်....သူ့ကိုဆူမှာတော့ကြောက်ပုံရတယ် ကလေးမက ...လူရှေ့သူရှေ့ဆို နင်နဲ့ငါကြီး လိမ့်ချနေတဲ့ သူမက ကိုကိုတဲ့သူ့ကိုခေါ်တာ သူ့ကိုယ်သူလည်း သဲလေးပဲဖြစ်ရတယ်ရှိသေး။
ဒီလူက စိတ်ဆိုးရခက် ပြေရခက်...
ဟိုခွေးတွေက မင်းရည်းစား ဒီနှစ်ပြောင်းလာတဲ့ကောင်နဲ့Dateဆိုပြီး လှမ်းပို့ထားတာကြောင့်သူ့မှာ ဆရာမကို အမေဆေးရုံခုချက်ချင်းတင်လိုက်ရလို့ဆိုပြီး လိမ်ပြီးလာခဲ့ရတာ။ ...သူ့သူငယ်ချင်းတွေပါ ပါတယ်ပြောရင် ဒီလောက်ထိပြာယာခက်မှာမဟုတ်။
ဘာပဲဖြစ်ဖြစ် ချစ်သူတွေ့လိုက်ရတာ အမြတ်ပေါ့ ။
"ဖြူဖြူ ကျွန်တော်ပြန်တော့မယ်နော်"
"ဟုတ်ကဲ့ပါကိုနေဘုန်းထွဋ် နောက်နေ့မှတွေ့ကြမယ်"
.
.
.
.
.
"မောင် မောင်လို့ ဘာကြောင့်ဆူပုပ်နေတာလဲဟင်""စား ရှေ့ကဟာအရင်စား စထိုင်ထဲကကြည့်နေတာ ခုထိဘာမှမစားဘူး ကိုနေဘုန်းထွဋ ကိုနေဘုန်းထွဋ်နဲ့လုပ်နေတာ မပြီးနိုင် မစီးနိုင် အရီးကြိုင်"