လင်းဦးကိုဖမ်းချင်တယ်အပိုင်း(၂)
ဆုလာတ်၊မျိုးမြတ် ၊မိုအိန္ဒြေဖြူ၊
၀တ်မူန် ဒီလေးယောက်ထဲတွင် ဖြူဟာရုပ်အဆိုးဆုံးဖြစ်သည် ..ဒါကြောင့်လည်း ဒီ၈တန်းပြီး ၉တန်းရောက်မဲ့အချိန်ကာလထိကို ကြိုက်မဲ့သူမပြောနဲ့ မျက်လုံးနဲ့စွေစောင်းကြည့်မဲ့ယောကျာ်းလေး ခွေးတစ်ကောင်ကြောင်တစ်မြီးမှတောင်မရှိပေ။
ဒါကြောင့်လည်းသူငယ်ချင်းလေးယောက်ကြားတွင် ဒီသတင်းဟာ သတင်းထူးဖြစ်သွားလေတော့သည်၊ အပိုအနေနှင့်ကတော့ ဖြူဟာမျက်နှာပူပူနှင့်သာ၀တ်မူန်...ဟိုနှစ်ယောက်ကိုဒိုင်ခံရှင်းပြသည်များအားဆက်နားထောင်နေရသည်။
"ဖြူ နင်ဘာဆက်လုပ်မလဲ"
"ဘာကိုလဲ "
"ဒီစာကိုလေ "
"ငါကဘာလုပ်ရမှာလဲ "
"နင်အဲ့လူကိုမသိချင်ဘူးလား "
"ဟင်အင်း "
"ဘာလို့လဲ "
"ငါသိသွားတော့ကောဘာလုပ်ရမှာလဲ အဲ့လူရှေ့မှာ မျက်နှာအလဟသတ်ပူနေရမှာလေ မလိုချင်ဘူး "
"အေးပါပြီးရော နောက်တစ်ပတ် အမေကအိမ်မှာစာလူစုကျက်တဲ့ "
"အေးဆုလာဘ် လာခဲ့မယ် "
___________#_________________ဒီလိုနှင့်ပင် သူတို့ရဲ့ပျော်ပွဲစားဟာလည်းပျော်ပျော်ပါးပါးကြီး ပြီးဆုံးသွားတော့၏။
ပစ္စည်းလဲကျတဲ့အခါလည်း
A/Bနှစ်ခန်းလုံးradomမဲနိုက်ရတာမို့ ဖြူဟာ မိန်းကလေးတစ်ယောက်ရဲ့ပါဆယ်ထုပ်လေးကိုလက်ဆောင်ရ၏။
ဖြူရဲ့ပါဆယ်ထုပ်ကတော့ ဘယ်သူ့စီရောက်သွားလဲမသိပေ။....စာသားလေးသည်ကား ရင်ထဲကဆန္ဒတွေကိုမဖော်ထုတ်ချင်သည့်အခါကြ ဒီစာအုပ်ပေါ်ချရေးလိုက်ပါ....စိတ်ကူးယဥ်ဆန်လိုက်တာ ..ဒီသေးသေးလေးက တတ်လိုက်တာ
စာမေးပွဲမဖြေခင်တစ်ရက်အလို
"ဖြေနိုင်ပါစေ "
သူမရဲ့လွယ်အိပ်ထည့်တဲ့ဂျောင်နေရာမှာ စာလိပ်လေးနှင့် ပန်းသေးသေးလေးတစ်ပွင့်
သေချာတာကတော့ ဒီပန်းက အခုမှကျောင်းရှေ့ကလောလောလတ်လတ် ခူးထားပုံရသည်။
ဆရာကြီးမြင်ရင်ရိုက်တော့မှာပဲ။