အပိုင်း (၁၇)
ဒီလိုနှင့်ပင် သင်္ကြန်ပြီး ..လင်းအာရုဏ်ဦးလည်းအဆောင်၀င်သွားတော့သည် ။
ဆရာခုချိန်ထိ ဦးဇင်းမထွက်သေးပေ။အမေကလည်းအခြားကျူရှင်မှာထားဖို့လုပ်နေပြီ ။ သေချာတာကတော့ ဒီမြို့မှာမဟုတ် ဖြူဖြူ့အမေရဲ့ ညီမ၀မ်းကွဲဆရာမစီမှာ သွားထားချင်ပုံရသည်။
"အမေ အစထဲကထားချင်ရင် ၉တန်းထဲကထားခဲ့ပါလားအဲ့မှာ အခုက၁၀တန်းရောက်မှသွားတော့ဆရာမအချင်းချင်း အာဘော်တွေကမမိတော့ဘူးလေ သမီးကအစကနေလိုက်မှတ်ရတော့မှာပေါ့ မေမေကလည်း "
"ဟုတ်ပါတယ်ကွာ မိန်းမရာ
နောက်နှစ်ပတ်လောက်ဆိုဖွင့်တော့မှာပါတဲ့ ""ရှင်တို့သားအဖပဲအတိုင်အဖောက်ညီနေကြ "
မေမေကသူပြောတာကိုလက်မခံတော့ နဲနဲမကြည်ပုံဖြင့်မီးဖိုးချောင်ထဲ၀င်သွားတော့သည်။
လောလောလတ်လတ်ရည်းစားနဲ့ကလည်းအဆက်သွယ်မရ
အခုဖြူဖြူ့ဘ၀က ရည်းစားကရှိသလိုလို မရှိသလိုလိုဖြင့် စန်းတွေလလဘ်တွေက အကုန်တိတ် ....လင်းအာရုဏ်ဦးနဲ့ရည်းစားဖြစ်မှပဲ လာပိုးပန်းသူတွေက မနဲမနော ...ရည်းစားမရှိခင်ကတော့ခွေးတစ်ကောင် ညှောင်တမြှီးမှတောင်မရှိပေ။"ဖြူဖြူ ငါတို့လမ်းထိပ်ခန ထွက်ကြမလား "
"မထွက်ချင်ပါဘူးဟယ် နင်တို့ကလည်း မနက်ဖြန်ကြရင်လည်း စာအုပ်တွေသွားထွက်၀ယ်အုန်းမှာမဟုတ်ဘူးလား "
"ဟွန်းနော် အရင်ကဆို ဖြူဖြူတို့အပြင်မထွက်ထွက်ချင်အောင်သူများတွေကို လိုက်လှည့်ပတ်ပြီးစည်းရုံးထားတာ အခုရည်းစားရသွားရော ရည်းစားကဘာပြောထားလည်းမသိဘူး မထွက်တော့ဘူးနော် ကမ "
"ဟယ် မဆိုင်လိုက်တာ နင်တို့နော်"
"ကယ် ကယ်လမ်းထိပ်တင်ပါဟယ် ငါ အန်တီ့ကိုခွင့်တောင်းပေးမယ် "
"အေး "
တစ်ကယ်တော့ လင်းအာရုဏ်ဦးသည် သူမရှိချိန်အပြင်အရမ်းမထွက်ပါနဲ့တဲ့ကိုယ်တော်က ဟို တစ်ခါဖုန်းဆက်တော့မှားထားတာကြောင့်။ ...