အပိုင်း (၁၉)
"နတ်ဘီလူး ...နတ်ဘီလူး-"
ဖြူဖြူလုံး၀အစဖော်မရပေ ...သေလိုက်ပါတော့ မိုးအိန္ဒြေဖြူရဲ့ ...
"ဆရာမ သားပြန်လိုက်ပါအုန်းမယ်"
ကိုးတန်းထဲကမြန်မာစာသင်ပေးခဲ့တဲ့ ဆရာမမို့ ရင်းနှီး၏။
လင်းဦး ဆရာမကိုလာနူတ်ဆက်သည့်အချိန် ဆရာမအဲ့ကိုခနမျက်စိရောက်သွားသည့်အချိန်တွင် ဘေးက ၀တ်မူန်သည် စာအုပ်ထိုးပြကြ၏။ကျေးဇူးကြီးမားလှပါပေသည့် ချစ်သူလင်းအာရုဏ်ဦးရယ်။
"အေအေ သားစာကြိုးစားနော်",
"ဟုတ်ကဲ့ဆရာမ "
"ကယ်သမီးဆိုပြီးပြီလား "
"ဟုတ်ကဲ့ဆရာမ"
"အေအေထိုင် "
ဖြူဖြူ သူ့ရှေ့မှာစာမေ့နေတာကြောင့်တော်တော်ပင်ရှက်သွားရသည်။
မသိချင်ယောင်ဆောင်ပြီးကျော်သွားတာကမှ ဖြေသာသေးသည် အခုဖြင့်တော့ .....
.
.
.
.
.
.
.
"အာရုဏ် ငါတို့မုန့်သွား၀ယ်မို့နင်လိုက်မလား""မလိုက်တော့ဘူး ခုနကမှအပြင်ကပြန်လာတာ"
ဒီနေ့တစ်နေ့လုံး သူတို့ကျောင်းမှာ အားလပ်ရက်ပေးထားသောကြောင့် အပြင်ထွက်ချင်ထွက်လို့ရ၏။
"လာခဲ့စမ်းပါ လင်းဦးရာ ပန်းခင်ကတောင်ခေါ်နေတာ မင်းမိုလို့ငြင်းရက်တယ် "
"အပြင်ကခုမှပြန်ရောက်ရောက်ချင်းဆိုတော့ ပြန်မထွက်ချင်တော့လို့ sorry"
"ရပါတယ် အာရုဏ်ရယ် "
ပန်းခင်ဆိုတာ T.T.Cကျောင်းအုပ်ကြီးရဲ့ မြေး ပန်းသခင်မြတ်..
စကားမရှိ စကားရှာသူ့ကိုစကား လာလာပြောနေသောသူ ....ချောတာ လှတာကိုတော့လက်ခံပါသည်.."လင်းဦး ဒါဆိုငါသွားပြီနော် ပြန်လာမှအခန်းတူတူရှင်းမယ်"
"မင်းဘက်ပဲရှင်းရမှာ ငါကရှင်းစရာမလိုဘူး ".
.
.
.
ပန်းခင် အာရုဏ်ကိုစိတ်၀င်စားတာ ဒီလိုအေးတိအေးစက်နဲ့ ချေမိုးနေသည်ရုပ်လေးကြောင့်ပင်။ပန်းခင်ဘက်ကစကားပြောတာတောင် လိုတာထက်ပိုမပြော
ပန်းခင်ကိုအဖက်မလုပ်သည့်သူကိုမှ ပန်းခင်ကလည်း စိတ်၀င်စားနေမိသည်။