အပိုင်း(47)
"John အကိုမင်းနဲ့စကားပြောလို့ရမလား "
" သြော် ရပါတယ် ထိုင်ပါ "
ငါးမိနစ်ရှိနေပြီ ခုထိစကားမစသေးသည်ကြောင့်johnဘေးကကိုလင်းအာရုဏ်ဦးကိုကြည့်မိတော့ မျက်နှာက ရူတ်ထွေးနေသည့်ဟန် ။
"အစ်ကို ကျွန်တော့်ကိုဘာပြောချင်တာလဲ ပြောပါ အားမနာပါနဲ့"
"အဖွားစီရောက်တာကြာပြီလား"
"ရှစ်နှစ်လောက်တော့ရှိပြီ "
"ကြာပြီပဲ "
"ဟုတ်တယ် အစ်ကို"
"ရန်ကုန်ရောက်ဖြစ်ခဲ့ရင်၀င်ခဲ့ဦး အစ်ကိုမင်းနဲ့အေးဆေးစကားပြောချင်လို့"
"ဟုတ်ကဲ့ပါ ဒီနှစ်တွေထဲတော့ ကျွန်တော်အဲ့ဘက်မရောက်ဖြစ်လောက်ဘူး ရောက်ဖြစ်ခဲ့ရင်သေချာပေါက်ဆက်သွယ်ပါ့မယ်အဖွားကနေတစ်ဆင့်"
"အစ်ကို့စီတိုက်ရိုက်ဆက်လိုက် ဒါအကို့ဖုန်း"
"သြော် ဟုတ်ကဲ့"
ဖုန်းနံပါတ်ပေးကာ ထထွက်သွားသောကိုလင်းအာရုဏ်ဦးကြောင့် johnလည်းတာ၀န်အရဖုန်းနံပါတ်ကိုcontactsထဲထည့်မှတ်လိုက်သည်။
"john လူလေးမင်းမာမီကြီးမင်းကိုခေါ်နေတယ်"
"ဟုတ်ကဲ့လာပြီ လေးသော်"
မာမီကြီးရှိရင်johnအိမ်မှာသိပ်မနေချင်တာဒါတွေကြောင့်ပင်၊ မျက်စိဒေါက်ထောက်လိုက်ကြည့်နေပြီး johnအနေရခက်လှသည်။
အခုတောင်အိမ်ထဲသူတို့မြေးဖွားတွေရှိလို့ခြံပြင်ထွက်ထိုင်နေတာကို မြေးကခြံထဲထိလာပြီးစကားလာပြောသည် အခုအဖွားကိိုယ်တိုင်ကပါခေါ်နေပြီ မြေးမလူပေါ်လာလှဲချသည်။ johnမာမီကြီးနဲ့ပတ်သတ်လာရင်အမြဲစိတ်ထဲကျဥ်းကြပ်လာသလို။"မာမီကြီးခေါ်တယ်ဆိုလို့"
"မနက်ဖြန် နယ်စပ်ဆင်းခဲ့ပါဦးတဲ့ ဟိုကဖုန်းဆက်တယ်johnဖုန်းကိုဆက်မရလို့တဲ့မြေကိစ္စစကားပြောချင်တယ်ထင်တယ်"
"ဟုတ်တယ်အဲ့ဖုန်းကဟိုတစ်ခါလားရိူးကအပြန်မတော်တဆမူတစ်ခုမှာကြိတ်မိသွားလို့"