အပိုင်း(50)
တစ်ယောက်နှင့်တစ်ယောက်ပေစောင်းစောင်းကြည့်ကာ ခြံထဲသို့ဆင်းသွားကြသည့် တပည့်နှစ်ယောက်နှင့်လင်းဦးကိုကြည့်ပြီး မျိုးသိုက်လင်း ခေါင်းရမ်းမိသည် ဒီကောင်တွေဟာလေ ....။
"ဟေ့ယျောင် မင်းကိုငါဒီတစ်ခါအတည်ပြောမယ် ရှေ့ကကိစ္စတွေကိုထားလိုက်တော့ဖြစ်ပြီူသားပြသနာတွေမို့ ဒီတစ်ခေါက်ဖြူဖြူ့ကိုပြန်လိုက်ပြီးပေါက်ပန်းလေးဆယ်လုပ်ရင် မင်းကိုငါနရင်းကြီးပဲချမှာနော် "
"သူရစိုး ငါအတည်ကွာ မင်းတို့လည်းသိပါတယ် ငါဖြူဖြူ့ကိုအစထဲကအတည်ဆိုတာ အကြောင်းအမျိုးမျိုးတွေကြောင့်သာ"
"မသိဘူးဟေ့ယျောင် မင်းဟာမင်းဘာဖြစ်ဖြစ် ငါတို့မှာ ဖြူဖြူ့ကို မင်းလုပ်ရပ်ကြောင့်အားနာလို့ မျက်နှာချင်းတောင်မဆုံရဲဘူး "
နာရီအတော်ကြာအငြင်းအခုံလုပ်ပြီးအ ချိန်ကြည့်တော့ နေ့ခင်းတောင်ကျော်နေပြီမို့ သုရစိုးနဲ့ ဥက္ကာပြန်သွားတော့သည် ....မပြန်ခင်လင်းဦးကိုကျိမ်းမောင်းသွားဖို့လည်းမမေ့။
"ဟိုကောင်တွေ ပြန်သွားပြီလား"
"ဟုတ် "
"ဟိုကလေးမအခုထိထွက်မလာသေးဘူးတဲ့ သွားခေါ်ကြည့်ဦး မင်းခေါ်လာတာ"
"ဒီနေ့ခင်းပြန်လိုက်ပို့မှာ သူ့ကို"
"နေပူကြီးကိုကွာ နေအေးမှပြန်"
"ရတယ် အခုချိန်ပြန်မှ အတော်ဖြစ်မှာ "
______________________________
"ဖြူဖြူ မလိုက်လာပါနဲ့ဆို"
"သြရယ် အိမ်မှာငါအလုပ်အားတုန်းလေး လိုက်လာတာပါ ငါပါ၀ိုင်းကူပေးမယ်လေ"
"ရတယ် ဟိုနားသွားထိုင်နေ"
မကြည်ကြည့်ဖြင့်တစ်ချက်ကြည့်သွားကာ အနောက်ဘက်ကို၀င်သွားသည့်ဖြူဖြူကိုတစ်ချက်ကြည့်ပြီးအရှေ့ကိုပြန်လှည့်ကြည့်တော့ ဂိတ်ထဲကတစ်ချို့ဘဲတွေရဲ့မျက်လုံးတွေကဂနာမငြိမ်
ဒါတောင် သူက နယ်စပ်မှာ လူမိုက် လုပ်ခဲ့ပါတယ်ဆိုပြီး နမည်ကြီးနေလို့