'ဟီးရိုး'
အပိုင်း(3)
"ဖြူဖြူ နင့်ကိုငါ ရေချိုးလို့ပြောတာ ဘာလုပ်နေတာလဲ ခုထိမချိုးရသေးဘူးလား"
"မေမေကလည်း အခုChancel -7ကလွှင့်တဲ့ဇာတ်ကားကအရမ်းကောင်းတယ်လေ ဟုတ်တယ်နော်သြ "
"ဟုတ်တယ် အမေအရမ်းကောင်းတယ်"
"ဒီမောင်နှမတွေ တည့်ကျရင်လည်းနှစ်ယောက်အပြင်မရှိဘူး အခုရေချိုးတော့ ဖြူဖြူ စာလည်းကျက်ရအုန်းမှာမလား "
"ဟုတ်အမေ "
"သြ ငါ့ကိုပြန်ပြောပြအုန်းနော် "
"အင်း "
ညစာစားသည့်၀ိုင်းတွင်"ဘယ်လိုလဲ ဖြူ သမီးကျူရှင်ကအဆင်ပြေရဲ့လား "
"ပြေတယ် အဖေ လူက၁၀၀ကျော်လောက်တော့ရှိတယ် ဒီတစ်လပြီးရင်တော့ စာမေးပွဲဖြေပြီး အခန်းခွဲမယ်လို့ပြောတယ် "
"အင်း သမီးပုံမှန်ကြိုးစားသွားနော် နေ့မအိပ်ညမအိပ်ကြိုးစားခိုင်းတာမဟုတ်ဘူးနော်နှစ်စထဲက
သူ့အချိန်နဲ့သူလုပ်ဖို့ကိုအဖေကသတိပေးတာ Aခန်းမနေရလဲအဖေတို့ဘာမှမဖြစ်ဘူး နော် ""ဟုတ်ကဲ့အဖေ "
"အမေကတော့ Aခန်းဖြစ်လေ ကောင်းလေပဲ ဒါမှ ငါ့သမီးက ဆရာမျိုးသိုက်လင်း၀ိုင်းမှာ Aခန်းနေရတယ်လို့ ဂုဏ်ယူလို့ရတာပေါ့အေ "
"မိန်းမတွေများ ကြံဖန်ပြီးဂုဏ်ယူနေသေးတယ် "
"အဲ့ဒီ့ကြံဖန်ပြီးဂုဏ်ယူတတ်တဲ့ မိန်းမကို ရှင်ကြီးယူထားတာမဟုတ်ဘူးလားဟမ် "
"တော်ပါတော့အမေတို့ရာ ပြီးရင်လည်းမခေါ်ပဲနေနိုင်ကြတာမဟုတ်ဘူးသားနဲ့မမက ဆက်စားရမှာလား တော်ရတော့မှာလား"
"တွေ့လား ကလေးတွေကပါပြောနေပြီ"
°°°°°°°°°°°°°°°°°°°°°°°°°°°
"လင်းဦး မင်းမအိပ်သေးဘူးလား ၁၀နာရီတောင်ရှိပြီအဲ့နှစ်ရာတန်ကိုကော်ရည်လောင်းလိုက်မနက်ကျရင်""သူရစိုးသူ့ကိုသွားပြောမနေနဲ့ လင်းဦးမနက်ကျရင် ၅နာရီခွဲထရမှာနော် "
၁၀တန်းရောက်ရင်အကျင့်ရအောင်စိုပြီး သူတို့၉တန်းတွေကိုပါ အစောကြီးထပြီး ခုထဲကtrainနေခြင်း