အပိုင်း ( ၄၀)
"အဟွန်း ချစ်စရာကောင်းလိုက်တာအိပ်နေတဲ့ပုံလေးကိုက "
"အင့်...အု "
လက်နဲ့အလျှင်အမြန်ပိတ်လိုက်ရသည်။ ဘာလို့ဆို ဖြူ့ဖြူရှေ့တွင်လင်းအာရုဏ်ဦးရဲ့ လူကောင် ကြီးကိုမြင်လိုက်ရလို့ပဲဖြစ်သည်။ သေသေချာချာကြီးကို ထိုင်ကြည့်နေတာလား အိပ်ရာထခါစပုံကို။" ဘယ် ဘယ်ရောက်နေတာလဲ "
"hotelလေ "
"ဟမ် "
"ဟ ဖြေးဖြေး"
"နင်......"
"ဘာမှ ပေါက်ကရတွေ တွေးမနေနဲ့ဇာတ်ကားတွေထဲကလိုမမှားဘူး တစ်ယောက်တစ်ခန်းစီ ဟွန့် မူးနေတဲ့လူကပြန်ထိန်းလာရတယ်တော်တော်ကောင်းတယ် မသောက်တတ်ပဲ "
ဆောင်ခေါက်မလို့ကုတင်ပေါ်တက်လာသည်အထင်ကြောင့် ဟိုဘက်ရွေ့ပေးတဲ့အခါ
"ဘယ်ကိုပြေးမလဲ ဟိတ်ကလေးမ"
လူကတုန်ခနဲပင်လန့်သွားရသည်။"လန့်သွားတာလား"
"အင်း"
"မောင်ဖြင့်ယုံတောင်မယုံနိုင်သေးဘူး မောင့်ဖြူနဲ့မောင်ကလေ...."
ဟင် ကျောအနောက်ကဆိုစွတ်လာသည် ...ကျောကိုမျက်နှာအပ်ပြီးကိုယ်လုံးကိုသိမ်းကြုံးဖက်ထားသည်
ကြောင့် သူမလူပ်လို့တောင်မရပေ ။
ညကငိုတာက မူးနေလို့ထားပါတော့ အခုကအကောင်းကြီးလေ ..."လင်းအာရုဏ်ဦး မငိုနဲ့ တိတ် တိတ် နင်က ကလေးလားမရှက်ဘူးလား ယောကျာ်းလေးဖြစ်ပြီးတော့"
"ယောကျာ်းလေးဖြစ်တိုင်း မငိုရတော့ဘူးလား မရှက်ဘူးသူများရှေ့မှာငိုတာမှမဟုတ်တာ ကိုယ့်ချစ်သူရှေ့မှာငိုတာပဲဗျာ "
"အယ် "
"မအယ်နဲ့ ညကကိစ္စကအတည်နော် အပျော်ကြံမယ်မစဥ်းစားနဲ့ "
"ဘာ "
"မောင်မူးနေတယ်ဆိုပြီး ပေါက်ကရအပျော်ကြံမှာဆိုးလို့ပြောပြတာ "
"ကြံစရာလား"
"အဲ့ဒါဆိုအတည်ပေါ့ "
"အဲ့ "
"ကဲပါ ထတော့မျက်နှာသစ်အုန်း ဆုလာဘ်တို့ကယောကျာ်းနောက်လိုက်သွားပြီလားတဲ့ ဖုန်းဆက်နေတယ်"