အပိုင်း (၃၁)
"ရတယ်လို့နင်ကလည်း "
"ဟုတ်တယ် သူရစိုးပြောသလိုပဲငါတို့ကလည်း ညနေလောက်မှပြန်ရောက်ဖြစ်မှာငါတို့ရှိတော့နင်ပိုပြီးတောင်အိမ်စောင့်ရသေးတယ်"
"အေးပါအဆင်ပြေရင်ပြီးတာပဲနင်တို့က လေးယောက်လုံးလား ဟိုကျားတစ်၀က်မတစ်၀က် ၃ကောင်ကောအကုန်လား"
"ဟဲ့အမလေး ဖြူဖြူရယ်ညည်းနဲ့အေငါတို့များကျားတစ်၀က်မတစ်၀က်တဲ့ အဟွန့် အဟွန့် "
သူရစိုးကမိန်းကလေးအသံဖြင့် ညုတုတုပြောနေ၏။"ဟဲ့အလကားမနေပါဘူး ပိုက်ပိုက်ပေးနေမှာပါအေ "
"သူရစိုးရာမင်းအဲ့အသံကြီးကိုမပြောလို့မရဘူးလား ငါဖင်တောင်ကြိမ်းတယ်ကွာ "
"ဟားဟားစတာ စတာ အတည်မပြောတော့ဘူး"
"သြော်ဖြူဖြူငါတစ်ခါတည်းပြောထားမယ်နော် အပေါင်းအသင်း နှစ်ညအိပ် ၃ညအိပ်လောက်ခေါ်ခွင့်ရှိလား ယောကျာ်းလေးဆိုတော့လေ "
"အေး ခေါ်တာတော့အဆင်ပြေပါတယ် အသောက်အစားဘာညာတော့မလုပ်ကြနဲ့ပေါ့ဟယ် အိမ်မှာကမိန်းကလေးတွေကောရှိတာလေ"
"အေးပါငါတို့ဒီလောက်တော့သိပါတယ်"
သူတို့အိမ်သူတို့ယာလိုဖြင့်အထုတ်တွေဆွဲပြီးအပေါ်ထပ်တက်သွားကြတော့သည်။
သြကလည်းလက်မြှောက်အရူံးပေးသည့်ပုံဖြင့် ကြည့်နေတော့သည်။"ဟဲ့ဟဲ့ ဒီဘက်အခန်းကငါတို့အခန်းနော် "
"ဟဲ့မရဘူး ငါတို့အပေါ်ထပ်မှာနေမှာ "
"ရမလား ၀တ်မူန်စုတ်မ ယောကျာ်းလေးဆိုတာဘုန်းကံမြှင့်တယ် ငါတို့အပေါ်မှာပဲနေမယ်"
"အာဥက္ကာနင်lady firstဆိုတာမကြားဖူးဘူးလားမရဘူးငါတို့အပေါ်ထပ်ပဲ"
"တော်ကြပါတော့ဟဲ့ အပေါ်မှာဆိုမကောင်းဘူးလွတ်လွတ်လပ်လပ်လည်းမရှိဘူး ညမူညတာတွေဆိုလည်း လာလာဒီနားကိုငါပြောပြမယ်"
ဖြူဖြူတို့မိန်းကလေးအုပ်စုကခေါင်းချင်းဆိုင်ပြီးတိုးတိုး တိုးတိုးဖြင့်တိုင်ပင်နေတော့သည်။
"သြော်အဲ့လိုလားငါကသိမလားဟဲ့"