အပိုင်း (၂၄)
အရင်သွားနေကြ လမ်းလေးကလည်း ဒီနေ့မှလှနေသယောင်...လေလေးတွေကလည်း မျက်နှာအနှံ့ ခနခနလာကျီစယ်တာကြောင့် နေလို့ထိုင်လို့ကောင်းနေတော့သည်။
အသွားတုန်းက စိတ်တွေထွေပြားနေတာကြောင့်ဘာမှကိုသတိမမူမိ အခုမှအလှတရားကိုပြုံးပြုံးကြီးခံစားနေမိ၏။ဖြူဖြူ့မှာ တစ်လမ်းလုံးမျက်နှာကစပ်ဖြဲဖြဲဖြင့် အိမ်ကိုပြန်လာခဲ့တော့သည်။ ...သေချာသည်ကသူရဲ့ရှင်းပြချက်ကြောင့်ကော ...သူပေးတဲ့လက်ဆောင်ကောကြောင့်ပင်ဖြစ်လိမ့်မည်။
နူတ်ခမ်းတကိုင်ကိုင် နွားပွဲစားရုပ်ဖြစ်ပြန်လာသောအမကို သြကြည့်နေသည်မှာကြာပြီ ....ပြန်လာထဲကတစ်ယောက်ထဲပြုံးလိုက် မဲ့လိုက် ဘာမှမရှိတဲ့လေထုကိုလည်း မျက်စောင်းထိုးလိုက်ဖြင့် ဧကံန မဟုတ်မှလွဲ ရုပ်ရှင်တွေထဲကလို ဘေးမှာ ၀ိညည်တွေနဲ့များပတ်သတ်နေတာလား.....
"မမ "
"အမလေး လန့်လိုက်တာ သြရယ်ဖြေးသာသာခေါ်ပါ "
"ဒီလောက် တိုးတိုးလေးကို နင်ဘာမဟုတ်တာကြံနေလို့ အဲ့လောက်လန့်နေရတာလဲ"
"အမလေးဟဲ့ ဘာမဟုတ်တာလုပ်နေလို့လဲ ..ဘာလဲခုနကခေါ်တာ"
"နင့်ကိုအမေက ခုတစ်လော ပုံမှန်မဟုတ်ဘူးတဲ့ အနေအထိုင်စင်ခြင်
၀ိညည်တွေဘာတွေနဲ့ ပတ်သတ်နေရင်လည်းပေါက်ပန်းလေးဆယ်တွေလျှောက်လုပ်မနေနဲ့ ""အေးပါဟယ် နင်နဲ့လည်းငါကလုပ်စရာလား "
အဲ့လင်းအာရုဏ်ဦး တော်တော်ဆိုး ဘာမှန်းကိုမသိဘူး ...သူ့ကြောင့်နဲ့ လူကဆူခံရတော့မို့ အတော်ပြုစားနိုင်တဲ့လူ။
ပြန်ခါနီး မရမကအိမ်ပြန်လက်ဆောင်ဆိုပြီးနူတ်ခမ်းကိုအနမ်းပေးသွားသည့်သူကြောင့် ရင်ဖိုနေသည်မှာ ပြန်လာထဲကခုထိပင်။
တွေးလိုက်တိုင်း မျက်လုံးထဲကိုကွက်ကွက်ကွင်းကွင်း။.
.
.
"အကို မြတ်ကလေးတောင်းပန်ပါတယ် ဒုက္ခပေးမိသလိုဖြစ်သွားပြီ""ရပါတယ် ကိုယ့်ညီမပဲဥစ္စာ သက်သာတယ်မလား နှလုံးကကော ထထဖောက်သေးလား"
"ဟုတ် မြတ်သက်သာပါတယ် "
အကို့စိတ်ထဲမှာ မြတ်က ကျန်မာရေးချူချာပြီး အရွယ်မရောက်သေးတဲ့ မွေးကာစ ကလေးလို့မြင်နေပုံ။
အကို မြင်နေတဲ့ညီမငယ်လေးက အကိုကို့ ဘယ်လိုရအောင်ယူမလဲဆိုတာကိုစောင့်ကြည့်နေ။