အပိုင်း(43)

2.2K 46 5
                                    

အပိုင်း (43)

"အဲ့တာဆိုလေ ငါမနက်ဖြန်မောင်နဲ့တွေ့ချင်လို့ ရလားဟင်  ...ဟိုရပါတယ် မောင်ကမတွေ့ချင်ဘူးဆိုလည်းငါအတင်းကြီးမတွေ့ပါဘူး"

"မဟုတ်တာကွာ တွေ့မှာပေါ့မောင့်ကောင်မလေးနဲ့ "

"အဲ့ဒါဆို ဖြူစောင့်နေမယ်နော်မောင့်ကို လွမ်းတယ်လင်းအာရုဏ်ဦးကို"

"မောင်ကောလွမ်းတယ် မောင့်မမကို"

ဒီနေ့ကကြာသာပတေးနေ့....

"အစောကြီးရောက်နေတာလား ဖြူက အကြာကြီးစောင့်နေရလားဟင်"

"မစောင့်ရပါဘူးမောင်ရဲ့ ဟီးခုနလေးတင်ရောက်တာ"

"မောင့်ကို တွေ့ချင်တာဘာကိစ္စပြောချင်လို့လဲပြောလေ "

"ကိစ္စရှိမှမောင်နဲ့တွေ့ရမှာလား ဒီအတိုင်းတွေ့ချင်လို့ကိုမရဘူးလားဟင်"

"အာ တစ်အားကြီးချွဲနေတာပဲ ဘာဖြစ်ချင်နေတာတုန်းဗျာ မချွဲတတ်ပဲနဲ့ "

"အေး မသိချင်ယောင်ဆောင်ပြီးနေလိုက်တော့သေမှာလားနင်က"

"အဟားဟား ဟား"

"ရီ ရီ ရီသေအောင်ရီ "

စိတ်ပျက်လက်ပျက်လေးဖြင့် ခုံကိုကျောမှီချပုံလေးကတစ်ကယ်ကို အူယားစရာပင် နှစ်တွေဘယ်လောက်ပြောင်းပြောင်း ဒီကောင်မလေးရဲ့ အပြုမူသေးသေးလေးတွေကအစ အခုထိချစ်ဖို့ကောင်းနေတုန်း။

"ငါ့ကို ညနေကြရင်ဖြူးခနလိုက်ပို့အုန်း"

"ဘာသွားလုပ်မို့လဲ ဖြူက"

"သွားစော့မို့"

"အတည်မေးနေတာကွာ ကောင်းကောင်းဖြေ"

"မြေကွက်သွားကြည့်မို့ ငါတစ်ယောက်တည်းမသွားရဲလို့အခုနင်ပါလိုက်ခဲ့ပေး"

"ဘာလုပ်မို့လဲ တစ်ယောက်ထဲနေပြီး မြေကွက်တွေရှောက်၀ယ်နေတာ"

"ယောကျာ်းတင်တောင်းမို့"

"ဟ ဒီကလေး"

"ဘာကလေးလဲ ငါနင့်ထက်အသက်ကြီးတယ်နော်"

"ဟုတ်ပြီ ဟုတ်ပြီ လိုက်ပို့ပေးမယ်   ဘယ်နှစ်နာရီသွားမှာလဲမနက်"

ငယ်ကချစ်နှစ်တစ်ရာ✅✅✅Donde viven las historias. Descúbrelo ahora