အပိုင်း(16)

1.7K 55 0
                                    

အပိုင်း (၁၆)

"လုပ်ပါဖြူဖြူရယ်နော် မိုးအိန္ဒြေဖြူမှ ပြန်မကြိုက်ရင်လင်းအာရုဏ်ဦးဘ၀ သွားပြီမို့ပါကွာနော် "

"အာ နင် "

"ငါကဘာဖြစ်လဲ ဟိုမှာအန်တီမေမေတွေ့လား ပြောလိုက်တော့မယ် "

"လင်းအာရုဏ်ဦး "

"ဗျာ ဗျ "

"ဘာလို့လက်ကိုလာကိုင်တာလဲ လွှတ်လေ မေမေဒီနားလာတော့မယ် "

"တစ်ခါတည်း နားဖောက်ပြီးသားဖြစ်သွားတာပေါ့ မလွတ်ဘူး အဖြေမပေးရင်"

"ဘာလို့အဲ့လောက်ထိ စကားကိုကပ်ဖဲ့ပြီးပြောနေရတာလဲ လွယ်လွယ်လေးဆိုပြီးနင်ငါ့ကိုသတ်မှတ်နေတာလား "

"မဟုတ်ဘူး ဖြူကိုယ်ကအဲ့လိုမတွေးဖူးဘူး "

"ငါ့ကိုသေချာကြည့်ဖြူ ပျော်သည်ပျက်သည်အနေနဲ့ရည်းစားစကားပြောနေတာမဟုတ်ဘူးနော် ငါ့ရဲ့ချစ်သူ အနာဂတ်ဇနီးလောင်း
ကုန်ကုန်ပြောမယ်ကွာ သားလေးတွေရဲ့ မေမေ ငါ့ဘေးနားမှာငါ့ရဲ့ပါရမီဖြည့်ဘက်တစ်ယောက်အနေနဲ့ ထားချင်လို့ အနာဂတ်မှာဖြူဖြူရဲ့ယောကျာ်းကောင်းဖြစ်ချင်လို့ ခွင့်ပန်တဲ့စကားပါကွာ တစ်ခြားကောင်တွေလိုအာချောင်သည့်စကားမဟုတ်ရပါနော်"

သူကငါ့ကိုအနာဂတ်မှာကလေးမွေးခိုင်းမယ် သူ့ဘေးနားတောက်တိုမယ်ရခိုင်းဖို့ ထားမှာလား ...
နဲနဲပါးပါးချစ်စကား​ကြိုက်စကားတွေတောင်မပါဘူး ဘယ့်နှယ် ဆယ်ကျော်သက်လေးဖြစ်ပြီး ....

"နင်ငါ့ကို အဲ့လိုကြီးလာမကြည့်နဲ့လေ လင်းအာရုဏ်ဦး ရယ် "

တစ်ကယ်ပါပဲ လူကိုရွှန်းရွှန်းစားစားကြီးလာကြည့်ပြီး လက်ကိုလည်းခုထိမလွှတ်သေး သူ့ရဲ့တော်ကီအောက်မျောသွားသည့်ကိုယ့်ကိုသာ ထုရိုက်ချင်နေတော့သည်။
တော်ကီကပြောသလောက်ကြီးလည်းမကောင်းပါဘူး ဒိတ်အောက်နေပြီကို။ ဘာလို့ ဒီမိုးအိန္ဒြေဖြူက သွားနားထောင်မိပါလိမ့်။

"ပြောလေဖြူကလည်း ငါ့တစ်ယောက်တည်းပြောနေရတာ ဆွံအတဲ့သူကြီးဘေးနားထားပြီးပြောနေရသလိုပဲ "

မျက်နှာပူပြီး ရှက်နေသည့်စိတ်တောင်ဘယ်ရောက်သွားမှန်းမသိ ဒီလင်းအာရုဏ်ဦးဆိုသည့်အကောင်ကတော့....ထူးတော့ထူးဆန်းသား ရည်းစားစကားမပြောခင်ကျောင်းမှာနေတုန်းကဖြင့် ရှက်လိုက်ရတာ ခုတော့များနှစ်ကောင်သားရှက်​ကျောတွေပျက်နေသလိုပဲ ။

ငယ်ကချစ်နှစ်တစ်ရာ✅✅✅Where stories live. Discover now