အပိုင်း (၂၂)
"ဟယ် မျိုးမြတ်ရယ် မဖြစ်နိုင်တာတွေ ရိုးရိုးတန်းတန်းလားမသိနင်နဲ့လည်း "
" ဖြူဖြူ ရော့ ကျွန်တော်မုန့်စျေးတန်းသွားတော့ ပဲနို့ဗူးမြင်တာနဲ့ ဖြူဖြူ့ကိုသတိရလို့ "
"အယ် ...ဘာလို့၀ယ်လာခဲ့ရတာလဲ
ကိုနေဘုန်းဘာသာ ကိုနေဘုန်း
သောက်ပါ ...ဖြူကခုနကတင်ဗူးကြီးတစ်ဗူးသောက်ထားတာ "သူရစိုးကဇိုးကနဲဇက်ကနဲဖြင့်
"ဟာ အကိုနေဘုန်း ပေးပေး ကျွန်တော့်ကို ဖြူဖြူမသောက်ရင်ကျွန်တော်သောက်မယ်ဗျာ ခုနကမုန့်စျေးတန်းဘက်သွားတော့ မရှိတော့ဘူးလို့ပြောလို့ ပြန်လှည့်လာခဲ့ရတာ "
" သြော် အဲ့ဒါဆိုလည်းသောက်ပါ ...ထားခဲ့မယ်ညီ "
"ဟုတ်ကဲ့ဗျ "
သူရစိုးကကနွဲ့ကလျလေသံဖြင့်
"မိုးအိန္ဒြေဖြူနော် ကမ ကြည့်ကျပ်နေ ဘာမှဖြစ်ဖြစ်မြောက်မြောက်ကို မငမ်းရဘူး သူ့ကိုပဲ မျက်စိဒေါက်ထောက်
ကြည့်နေရတာ အာကျယ်မ၀တ်မူန်ကဒီလိုနေရာကြတော့ တိတ်နေတာပဲနော်""ဘာ အာကျယ်မလဲ ငါ့ကိုများ သူရစိုးအစုတ်ပလုတ်ကောင် နင့်သူငယ်ချင်းက သူတွေ့ချင်မှ ပေါ်ပေါ်လာတာလေဘယ်ကိုဆက်သွယ်ရမှန်းမသိ မိန်းကလေးဘက်က
ယောကျာ်းလေးသူငယ်ချင်းထားတော့လည်း အူကတိုချင်သေး
သူကြအဆက်သွယ်လုပ်တာ ဆိုတော့ ကြာလေ လင်းဦးနဲ့ ဖြူဖြူကို ငါသဘောမတူလာလေပဲသိလား""ဟ ဟိုကကြားရင် အလုပ်ခံချင်လို့ သူ့မှာကလည်းစာမေးပွဲနဲ့လေ ဘယ်အားတယ်လို့ရှိပါ့မလဲ မအားတဲ့ကြားကနေ ဖုန်းခိုးဆက် လာတွေ့နေရတာကို ပြီးတော့အဲ့ကျောင်းက အားနေစာမေးပွဲစစ်နေတာ "
"တော်ကြတော့ တော်ကြတော့ မင်းတို့နှစ်ကောင်ကသာကိုက်နေကြတာ ကာယကံရှင် နှစ်ယောက်လုံးကအဆင်ပြေနေကြတာကို ပြောလည်းအမောပဲ "
"မင်းပိုင်ပြောတာ ငါထောက်ခံတယ် ငါအဆင်ပြေပါတယ်ဟယ် "
"နွားဖြစ်မဲ့ မိန်းမ "
အချစ်စိတ်တက်နေတဲ့ဒီကောင်မကိုဘယ်လိုပြောပြောနားထဲ၀င်မှာမဟုတ် ဂျိုရောင်လှလှလေးတွေထွက်လာမှ ကယ်ပါလာလုပ်ကြည့်။