ငယ်ကချစ်နှစ်တစ်ရာ
အပိုင်း (၉)
ဒီနေ့ကကျောင်းတွင်အောင်သွားသော၁၀တန်းများကို ဂုဏ်ပြုပွဲလုပ်ပေးခြင်း။
ဆရာ့အဆောင်ကအောင်သွားတာ တစ်၀က်ကျော်ကျော်ပင်
ဒါကြောင့် ဦးမျိုးသိုက်လင်းတို့ နမည်ကြီးပြီး လာအပ်သူတွေများနေတော့သည်။"ဟဲ့ ဖြူ ဒီနှစ်အောင်တဲ့အကိုကြီးတွေကချောလာကြတယ်နော် အမလေး လေး လည်ကတုံးလေးတွေနဲ့ ငါသေပါပြီ ဟဲ့ အပြာအဖျော့လေးနဲ့တစ်ယောက်ကိုကြည့်ပါအုန်း သွားတက်လေးနဲ့ ယောကျာ်းလေးဖြစ်ပြီး ကြည့်ကောင်းလိုက်တာ မနာလိုချင်စရာ "
"ဆုလာဘ်မနော် နင်ယွကိုယွတယ် "
"အမလေး ဖြူဖြူ သူက မငမ်းတာကြလို့ ဟွန့် .."
"မျိုးမြတ် အမှန်တွေမပြောနဲ့ ဟိဟိ"
ငယ်ငယ်တုန်းကငြိမ်ခဲ့သလောက် ၉တန်းရောက်တော့ ဒီဟာမတွေနဲ့တစ်တန်းဖြစ်သည့်အပြင် တွဲဖက်အတန်းခေါင်းဆောင်ပါဖြစ်လာသောကြောင့် လူကြားထဲအတိုးလွန်နေတော့သည်။
"ဟဲ့ ဟို အမ၀တ်ထားတာလှတယ်နော် 4လွှာကိုမှ ခါးတင်လေးနဲ့ တစ်ကယ်ကို ချစ်စရာကြီး အားသေပါပြီမမရာ"
"ဟယ် ဟုတ်ပ ဖြူဖြူ နင်မြင်တတ်တယ်နော် ဆံပင်ကြီးကလည်းအရှည်ကြီးပဲ တစ်ကယ်ကို ငါ့typesပဲ အူ၀ါး"
"ဟဲ့ ၀တ်မူန်နဲ့ ဖြူဖြူ နင်တို့အဲ့အမကိုမသိဘူးလို့တော့မပြောနဲ့နော် "
"နင်သိလို့လား ဆုလာဘ်"
"အမလေး ဘာလို့မသိရမှာလဲ ၁၀တန်းBတစ်ခန်းလုံးကို အသဲပတ်ခွဲခဲ့တာလေ စာလေးကလည်းတော် ..ရုပ်လေးကလည်းချော ချမ်းကလည်းချမ်းသာဆိုတော့ ကောင်မ ထင်တိုင်းကိုကျဲနေတော့တာပဲလေ ငါ့အကို၀မ်းကွဲတောင်အစစ်ပါသေး "
"မယုံနိုင်စရာဟယ် "
"ဟုတ်ပဟယ် "
တစ်ခန်းလုံးကိုအသဲပတ်ခွဲခဲ့တာဆိုတော့ နဲနဲတော့တွန့်သွား၏။ ယောကျာ်းတွေအသဲခွဲခံချင်ရင်လည်း ခွဲခံချင်စရာပဲ တော်တော် ကြီးကို စက်စက်ယိုအောင် လှလွန်းသည်။ ဆွဲဆောင်မူဗို့အားပျင်းသည်စို ပိုမှန်လိမ့်မည်။