53(ပြေစေလို)

1.2K 47 4
                                    

အပိုင်း (53)

ချိုင့်လေးဆွဲပြီး ဖြူဖြူတို့အိမ်ရှေ့သူရောက်တော့ ပြတင်းပေါက်တွေကပိတ်ထားလျှက်မဖွင့်သေးတာလား၊လူမရှိလို့ပြန်ပိတ်ထားတာလားမပြောတတ်။

မနက်ခင်းသြအိမ်ကိုပြန်လာတော့ အိမ်ရှေ့တွင် လင်းအာရုဏ်ဦး လက်ထဲမှာလည်းချိုင့်နဲ့ ဖြူဖြူခေါ်ထားတာများလား၊အိမ်ထဲကိုလည်း သူခိုးလိုချောင်းနေသေးသည်။

ဆိုင်ကယ်ပေါ်ကအ​ေ၀းကနေတောင်မြင်ရသည်၊အခုချိန်လောက်နဲ့ သူ့မင်းသမီးကနိုးမှာမဟုတ်သေး၊စောင့်စမ်း။

ဖွားလေးကမနက်အစောကြီးထသွားသည်ထင်၏ အပြင်ကနေသော့ခတ်သွားသည်  သြရသမင်းသော့ဖွင့်၀င်ပြီးဆန်ဆေးကာ ပလပ်ထိုး၍ထမင်းအိုးတည်ထားလိုက်သည်။

ရေချိုးစရာရှိတာချိုးပြီးဖုန်းခနယူကြည့်မိတော့ ရှားရှားပါးပါး noti barတွင်requestတစ်ခု။
accပဲဖွင့်ပြီးဘာမှမလုပ်တာမို့ ဘယ်သူမှလည်းလာမအပ်သလို တစ်ယောက်ကိုမှသွားမအပ်။
လာအပ်သည့်acc nameတွေ့တော့ထပ်မံပြီးအံ့သြရပြန်သည်၊ အင်္ဂလိပ်နိမ်း
Myatkalay Mon  wtf!!!! တကယ်ကြီးလာအပ်တာပင်...accထဲ၀င်ကြည့်မိတော့followerတွေကအများအပြား ပုံတွေမှာလည်းreact ကို 7k /8k အဲ့လောက်ထိကြီး။

accထဲ၀င်ကြည့်မိတာ မည်မျှကြာသွားသည်မသိလွန်ခဲ့တဲ့သုံးနှစ်ကပိုစ့်တွေထိပါရောက်သွားတော့သည်။

သတိရ၍နာရီကြည့်မိတော့ရှစ်နာရီခွဲ ၊ဟိုကောင်ရှိတာမို့ တရေးလောက်တော့အိပ်လို့ရသေးသည်၊အခုချိန်ထိ ဖြူဖြူ့ရဲ့လှုပ်ရှားသံဘာတစ်ခုမှမကြားရသေး မနိုးသေးဘူးထင်သည်။

သူမနိုးတာအကြောင်းမဟုတ် သူ့ရဲ့ဗျတ္တကအောက်မှာချိုင့်တစ်လုံးနဲ့စောင့်နေပြီ...အစကတော့ဖြူဖြူကိုသနားတာပါ အခုက ဟိုကောင်ကိုသနားသလိုဖြစ်လာပြီ ။

မနက်ဆယ်နာရီခွဲတွင်တော့ ဘုရင်မက နိုးလာပါပြီ ၊ ဒါတောင်ကျောပူလို့မအိပ်နိုင်တော့တာဖြစ်ပါလိမ့်မည်၊မဟုတ်ရင်ဘယ်အထိအိပ်ဦးမလည်းမသိ။

တရေးပြန်အိပ်သည့် သြတောင် ကိုးနာရီခွဲတော့ဘယ်လိုမှအိပ်မရတော့၊ အရှေ့က ဘဲကလည်းဇွဲလာကောင်းပြနေတာ အခုချိန်ထိမပြန်သေး၊ချိုင့်ထဲကပါလာတဲ့မနက်စာကဘာလည်းမသိပေမဲ့ ဖြူဖြူ့အတွက်ဆိုရင်တော့ နေ့လည်စာဖြစ်သွားပါပြီ။

ငယ်ကချစ်နှစ်တစ်ရာ✅✅✅Where stories live. Discover now