မင်းမှဟုတ်ရဲ့လားအပိုင်း (၄)
"...."
"ဟဲ့ဆရာမက ဘယ်ကိုသွားတာလဲ ..ဆုလာဘ်"
"သြော် ၀မ်းနုတ်ဆေး တွေစားထားလို့ toilet ခန၀င်လိုက်အုန်းမယ်တဲ့ "
"ဟူး..."
ဘေးဘက်က အမောဖြေသံ ကြားတာကြောင့် ၀မ်းသားအားရလှည့်ကြည့်မိတဲ့အခါတွင်တော့ ..လင်းဦး၏ နဖူးစပ်တွင် ချွေးသီးများတွဲလွဲခိုနေ
လျှက်.....ဘာလဲဆိုသည့်ပုံစံဖြင့် စတိုင်ကျကျမေးငေါ့ပြလျှင် ဘာမှမဟုတ်ဘူးဆိုသည့်ပုံစံဖြင့် ခေါင်းပြန်ယမ်းပြလိုက်မိ၏။
"စာအုပ်မှာလိုက်မှတ်ထားပေးအုန်း "
"အင်း မှတ်ထားပေးမယ် ကျေးဇူးလည်းတင်ပါတယ်"
"အင်း ရတယ်"
ဖြူဖြူအခုမှအသက်ရူချောင်တော့သည်။ ရင်တထိပ်ထိပ်နဲ့နေ နေရသည်မှာ ချက်ချင်းပင်နှလုံးရောဂါစွဲနိုင်သည်။
ဆရာမမှတ်ခိုင်းသည့်Notesတွေအပြင် ကိုယ်မသိသည့်ဟာတွေပါတေးပြီးမှတ်ထားသောကြောင့် လင်းအာရုဏ်ဦး text bookစာအုပ်အဖြူသန့်သန့်တွင်တော့ အမှောင်လွှမ်းသွားတော့သည်။
လိုက်မှတ်တုန်းကတော့ ကိုယ့်စာအုပ်မှတ်သလို လိုက်မှတ်ထားခြင်း ခုတော့ဖြင့် ...ငါ့ကို ဘာမှမသိ ဘာမှမတတ်တဲ့ သူတစ်ယောက်အဖြစ် မြင်သွားရင် အမလေး ..အရှက်
တွေကတော့ကွဲတော့မှာပဲ
လင်းအာရုဏ်ဦး၏ ဒီနှစ်မှ၀ယ်ထားသည့်text bookဖြူလွှလွှပေါ်က ခဲခြစ်ရာ/ သူမ၏ လက်ရေးသေးသေးတွေနဲ့ပြည့်နေသည် ကိုကြည့်ပြီးငိုပါငိုချင်မိတော့သည်။မတတ်နိုင်ပေ အရေးကြီးတဲ့notesလေးတွေကို သာချန်ထားပြီးဖြတ်ရအုန်းမည်။ ကြိုးကြိုးစားစားနဲ့ မှတ်ထားတာတွေတော့ ကုန်ပါပြီ ။
ဖြူဖြူခဲဖျက်နဲ့ဖျက်ဖို့ လိုက်ကြည့်နေမိ၏။သူမစိတ်ထဲတွင်တော့ အကုန်လုံးက ဖျက်စရာပင်မလို ...အကုန်လုံး အရေးကြီးသည်မလား ...
"ဟိိတ် မဖျက်နဲ့နော် ဒီအတိုင်းပဲထား"
"ဟင် "
"မှတ်ထားတာတွေကို မဖျက်ပဲ ဒီအတိုင်းပဲထား မိုးအိန္ဒြေဖြူဖျက်မို့မလား "
လင်းအာရုဏ်ဦးကဘယ်လိုသိတာလဲ ငါဖျက်မှာကို အကြားမြင်ရနေတာတော့မဟုတ်ဘူးမလား