အပိုင်း (၂၃)
ဟင် လင်းအာရုဏ်ဦး ကောင်မလေးတစ်ယောက်နဲ့အကြည်စိုက်နေတာ ဘေးကလူတွေတောင်ပြောယူရသည်အထိ ။
သူက... သူကဒါကြောင့်ငါ့စီဖုန်းမဆက်တာလား ၊အမျိုးမျိုးအကြောင်းပြပြီးတော့ ငါ့ကိုနင်မိုလို့လုပ်ရက်လိုက်တာ လင်းအာရုဏ်ဦးရယ်...."ဖြူဖြူ အဲ့လိုကြီးတင်းမထားနဲ့လေ ငိုချင်ငိုချပလိုက် နူတ်ခမ်းမကိုက်ထားနဲ့ ပေါက်အုန်းမယ်"
"ဖြူရယ် ညီမတွေဘာတွေလားမှမသိတာ သေသေချာချာမှမသိသေးတာမောင်နှစ်မတွေဘာတွေဖြစ်ပါလိမ့်မယ်ဟယ်"
"မျိုးမြတ် အဲ့တာမောင်နှမဖြစ်ပါ့မလား ဖြစ်ရင်လည်းဘင်္ဂလားမောင်နှမပဲဖြစ်မှာ လူတွေဒီလောက်သွားလာနေတဲ့နေရာမှာတောင် အမြင်မတော်စရာတွေ အသက်လက်တောက်လောက်နဲ့လုပ်နေတာ"
"ဟဲ့ ၀တ်မူန် လှော်တုန်းကနင်ပဲ မကြိုက်ကြိုက်အောင်နှစ်ယောက်ကို
၀ိုင်းလှော်ထားတာမလား အခုလည်းနင်ပဲ သေချာမသိသေးပဲနဲ့ဟယ်""မျိုးမြတ်နဲ့ ၀တ်မူန်မတော်ကြတော့နင်တို့နှစ်ယောက်ကဆယ့်နှစ်ရာသီဖြစ်နေကြတာ ၀တ်မူန်မကလူတစ်ကာနဲ့မတည့်"
"တော်ပါတော့ဟယ် နင်တို့လုပ်တာနဲ့ ငါ့မျက်ရည်တွေပြန်၀င်ကုန်ပြီ"
"ဖြူဖြူ နင်အဲ့ရှေ့ကိုသွားမလား နင်တွေ့သွားတယ်ဆိုတာအဲ့အကောင်သိသွားရအောင်လေ"
"တော်ပါပြီ အိမ်ပြန်ကြမယ်လေ စာမေးပွဲအတွက်လုပ်ရအုန်းမှာကို"
"အင်းပါ စိတ်ညစ်စရာတွေထားတော့ ထားတော့ "
စကားလမ်းကြောင်းလွဲပြီး ငယ်ငယ်တုန်းက ကမျင်းခဲ့တဲ့အကြောင်းတွေ ပြန်ပြောရင်း တစ်လမ်းလုံးစကားတပြောပြောဖြင့် လင်းဦးပါသည့်အမှတ်တရတွေကိုမပြောမိအောင်လည်းထိန်းထားရသေးသည်။ဘေးဆိုင်ကအန်တီကြီးပြောစကားကြောင့်ပတ်၀န်းကျင်ကိုခုမှသတိထားမိတော့သည်....ဆိုင်ထဲကထွက်သွားတာ ဖြူဖြူဟင်... ...နောက်ပြန်လှည့်ကြည့်သွားသည်ကသေချာပါသည်။
"မြတ်ကလေးအကို့ကိုခနစောင့်အုန်းနော်အရေးကြီးသွားစရာရှိလို့"