အပိုင်း (၃၂)
"လင်းဦး"
"အေးပြော"
"အဲ့တော့အခုမင်းဘာဆက်လုပ်မှာလဲ "
"ဟဒီကောင်တွေကတော့ငါမစဥ်းစားနိုင်တော့လို့မင်းတို့ကိုခေါ်ပြီးကူစဥ်းစားခိုင်းပါတယ်ဆို"
"ဒီနေ့တော့ငါအိမ်မပြန်ချင်ဘူး ကျောင်းကအဆောင်ကိုပြန်မယ်"
"ငါတို့ရှိရဲ့သားနဲ့ငါတို့အိမ်မှာလိုက်အိပ်ကွာ မင်းဘယ်ကောင်နဲ့အိပ်ချင်လဲ"
"ဒီငါ×ိုးမသားတွေကတော့ သူရစိုး
သူတောင်းစား""လင်းဦးတောင်ဆဲတတ်လာပြီပဲ "
"အေးပေါ့ မင်းတို့ကောင်တွေနဲ့ တွဲတာကို "
"ဖြူဖြူ အခြေနေဘယ်လိုရှိလဲ ပထမရက်တွေတုန်းကသူထိလွယ်ရှလွယ်ဖြစ်နေတဲ့အချိန်မို့ငါသွားမတွေ့နေတာ"
"မင်းအဲ့လိုလုပ်နေဟိုကသူများနောက်ပါသွားမယ် ဖြူဖြူကအရင်ကလိုမဟုတ်ဘူးဟေ့ယျောင် ကျောင်းတော်ကသင်ပေးစရာမလိုတဲ့ အလှအပရေးရာတွေတတ်ကျွမ်းနေပြီ အဲ့ကြမှမျက်ရည်နဲ့မျက်ခွက်လာမလုပ်နဲ့အချိန်ရှိတုန်းလုံ့လစိုက်"
"အင်း "
.
.
.
.
"ဟင် လင်းဦး မင်းလာလည်တာလား""အမ်း ဒီမှာ၁ပတ်လောက်တည်းချင်လို့ရလားဆရာမ အမေ့ကိုတော့မပြောပါနဲ့"
"အေးအေး လာလေ "
အဆောင်မှာဆယ်တန်းအောင်စရင်းစောင့်နေတဲ့နယ်ကကျောင်းသားတစ်ချို့ရယ်နဲ့သူပဲရှိသည်။
ကျောင်းတက်ထဲကခင်ခင်မင်မင်ကြီးထဲမပါပေမဲ့ ခေါ်ပြောနူတ်ဆက်လောက်ကတော့ရှိပါသည်။"ဟာ ဟေ့ယျောင် မင်း ထမင်းသွားမစားဘူးလား"
"အေးငါမစာသေးလို့မင်းတို့စားနှင့် "
"အေးလိုက်လာခဲ့နော်"
"အွမ်း"
နွေရာသီထမင်းစားရိတ်ကသက်သက်ပေးရသည် အဆောင်မှာနေသည့်လူများက.
.
.
.
ဖြူဖြူကဒီအလုပ်မှာလုပ်တာ၂လကျော်နီးပါးရှိနေပြီဖြစ်သည် ရည်းစားဦးနဲ့ကိစ္စကလည်းအနည်ထိုင်စမပြုသေးပေမဲ့ အစတုန်းကခံစားချက်လိုတော့မဟုတ်တော့ပေ ။ နေနိုင်ရက်တဲ့မောင်ရယ်။