အပိုင်း (၂၇)
ပထမကတော့သြ ကသူ့ကြောင့် ဖြူမတက်တာပါဆိုပြီး ကိုယ့်ကိုကိုယ်အပစ်တင်နေသေးသည်။
"သြ မမပြောတာနားထောင် နင်ကတော့ကျောင်းပြန်တက်ရမယ်နော် ကြားလား မမကမဖြစ်မနေမို့ အဲ့ဒါကလည်း မောင်လေးကြောင့်မဟုတ်ဘူးသိလား မောင်လေးကြတာ့ကျောင်းပြီးအောင်တက်ပါနော် သိလား "
ချော့တစ်ခါခြောက်တလှည့်ဖြင့် သြကိုဖြောင့်ဖြနေရ၏။
"ငါပြန်တက်ပါ့မယ် ဒါပေမဲ့ဂတိတစ်ခုတော့ပေး""ဘာဂတိလဲပေါက်ကရတွေတော့လာမတောင်းနဲ့"
"အေးပါ ငါသိပါတယ်ဆယ်တန်းပြန်ဖြေမယ်ဆိုတဲ့ဂတိ"
"အဲ့တာ အဲ့တာကတော့ဟယ်"
"အခုနင်ကစာမရလို့ ကျမှာမှမဟုတ်ပဲ မဖြေနိုင်လို့လေ မမသူငယ်ချင်းတွေစီကအကူအညီတောင်းကြည့်မယ်လေ မျက်နှာပူရတာမှန်ပေမဲ့ ခနတော့သည်းခံပေါ့ "
"အင်း ရပါတယ် မမဘာသာပြောလိုက်ပါ့မယ် မောင်လေးကဘာမှစိတ်ထဲမ
ထည့်နဲ့ "
နောက်ဆုံးနှစ်ယောက်သားအပေးအယူတည့်ပြီး အနာဂတ်ကိုခနမေ့ပြီး မျိုးမြတ်တို့အမျိုးတွေရှိတဲ့ရွာကိုသွားလည်ရန်သာစိတ်ထဲထည့်ထားလိုက်တော့သည်။အဲ့ကပြန်လာရင်တော့ ဘ၀ကိုကိုယ့်ဒူးကိုယ်ချွန်ရတော့မည်မလား။
"မောင်လေး နင်လိုက်မှာလား"
"မလိုက်တော့ပါဘူး ကလပ်တက်တက်နံ့တက်တက်တွေနဲ့ မိန်းကလေးကြားထဲငါကဘာလိုက်လုပ်ရမှာလဲ"
"ဟဲ့နင်ကလည်း ဟိုကလာမှကြားသွားအုန်းမယ်"
"ဒါဆိုနင်ကဘယ်သူနဲ့နေခဲ့မှာလဲ တစ်ယောက်တည်းတော့မဖြစ်ဘူးနော်"
"ငါကလည်းမနေခဲ့ပါဘူး အဖွားလေးစီမှာသွားနေမှာ တစ်ပတ်လောက်ပဲနေမှာမလား နင်ကအဲ့မှာ"
"တစ်သက်လုံးလည်းဖြစ်ချင်ဖြစ်သွားနိုင်တာပဲလေ ဟီးဟီး ငါသေချာအာမှမခံနိုင်ဘူး"
"မမရာ အတိအကျပြောသွား သူများအိမ်မှာတစ်လကိုးသီတင်း ငါလည်းမနေချင်ဘူး နင်လည်းသွားနေမနေနဲ့ "
"အေးပါဟယ် တစ်ကယ်ထဲမှပဲ တစ်ပတ်ပါပဲ ငါတို့ကချက်ချင်းပြန်ခဲ့မယ် အမှန်ဆိုနင့်ကိုပါလိုက်စေချင်တာ ၀တ်မူန်တို့က "