အပိုင်း (၄၂)
" မိုအိန္ဒြေဖြူ"
"ဘာလဲ "
"မကောက်နဲ့လို့"
"ဘာကောက်နေလို့လဲ"
"ပဲခူးသူက ဖင်လည်းကောက်သလိုစိတ်လည်းအားကြီးကောက်တာပဲ "
"လင်းအာရုဏ်ဦး "
"ဘာလဲ "
"နင်မရှက်ဘူးလားဟင့် "
"မျက်ရည် စမ်းတမ်း စမ်းတမ်းလုပ်တော့မယ်ကြည့်ကြည့်"
"အဲ့ဖင်ကောက်ကိုပဲနင်ကြိုက်နေတာမဟုတ်ဘူးလား"
"ဟားဟား ဟုတ်တယ် ဟုတ်တယ်မောင့်ဖြူတောင်ပြောရဲ ဆိုရဲရှိလာပြီ"
"ပဲခူးသား အသားလည်းမဲတယ် စိတ်လည်းမဲတယ်"
ပြောသာပြောရတာ မောင်နဲ့ ဖြူဖြူဟာအသားအရေအရောင်ကတော်တော်ကိုကွာပါသည်။
ဖြူဖြူက နေပူထဲလက်ရှည်မပါပဲလျှောက်သွားချင်တိုင်းသွားနေတာဆိုတော့ အသားရေက ခြောက်ပြီးမဲချင်သည်။
မောင်က ရေခြားမြေခြားအရိပ်အောက်ကနေပြန်လာတာ မကြာသေးဘူးဆိုတော့ နှစ်ယောက်ယှဥ်ကြည့်သည့်အခါ မောင့်အသားရေက ဖြူဥနေပါသည်။"မောင်မှားတာပါကွာ မောင်ကဖြူ့ကိုထားခဲ့စရာလားနော် မောင့်ကောင်မလေးကို မောင့်သဲသဲတုန်းလေးကို အဲ့တာပြောလိုက်တာကလည်းစလိုက်တာပါလို့ သိလားလို့ "
"သိသားပါ့ နင့်ကိုငါကလွဲပြီးဘယ်ကောင်မ မှမယူဘူး ငါတောင်ဘယ်မျက်လုံးနဲ့ကြည့်ပြီး ပြန်ကြိုက်ခဲ့တာလဲမသိဘူး "
"ဟာ အဲ့ဒါဆိုဘာလို့ကောက်တာလဲ ကလေးလေးက"
"ပျင်းလို့ "
"မိုးအိန္ဒြေဖြူရာ "
"ဘာလဲဟာ "
"မောင်စိတ်ညစ်လာပြီ ဘယ်လိုလုပ်ရမလဲ"
"နင်ဆုံးဖြတ်ချက်ချပေါ့ ရန်ကုန်မြေကိုခြေချလိုက်ပြီဆိုရင် နင်နဲ့ငါနဲ့ဇာတ်လမ်းကပြီးပြီနော် မလိုက်သွားနဲ့လို့မပြောဘူး လိုက်သွားရင်ငါနဲ့အပြတ်ပဲ"
"မောင်ဟိုကိုသွားပြီးညှိကြည့်ချင်သေးတယ် ဖြူရယ် ပြန်လာတာနဲ့မောင့်ဖြူကိုမိသားဖသားပီပီလာတောင်းရမ်းမယ်လေနော်"