အပိုင်း (၃၅)
၆နှစ်ကြာပြီနောက်
"ဟဲ့ ကလေးတွေရယ်ငါမောနေပြီ နင်တို့အဖေကမလာသေးဘူးငြိမ်ငြိမ်စိမ်စိမ်နေကြရိုက်မှာနော် တုတ်တွေ့လား"
နှစ်ယောက်ထဲပေလို့မဟုတ်ရင်ဖြူဖြူတို့အာပေါက်နေလောက်ပြီ Liveလွင့်ပြီးစျေးရောင်းတာတောင်ဒီလောက်အာမညောင်း"မမဖြူ မောင်ပြန်ရောက်ပြီ"
"မောင်ဒီနေ့ပြန်ရောက်တာစောတယ်နော် ထမင်းစားတော့မလား ကလေးတွေကတော့ခုနကအစော့လွန်ပြီးအိပ်ကုန်ကြပြီလားမသိဘူး"
"ဟုတ်တယ်မမဖြူရဲ့ မောင်တို့ကုမ္ပဏီကသူေဋ္ဌးကပြန်လာတော့မှာလေအဲ့တာမနက်ဖြန်အစောသွားရမှာမို့ ပြီးတော့အခမ်းနားပြင်ရဆင်ရဆိုတော့ မောင်တို့ဋ္ဌာနကိုအရင်ပြန်ခိုင်းလိုက်တာ"
"သြော် သြော်အဲ့ဒါဆိုရေချိုးလိုက်အုန်းလေမမဖြူထမင်း၀ိုင်းပြင်လိုက်အုန်းမယ်"
"ဟုတ်ကဲ့ပါဗျာသွားပြီနော်"
ဖြူဖြူ့အတွက်တော့ အတိတ်ဟာနာကျင်စရာတွေနဲ့ပြည့်နေခဲ့တာ...အဲ့ဒီနေ့ကသာဖြူဖြူသူနဲ့မလိုက်သွားဘူးဆိုသြလည်းဒီလိုဖြစ်မယ်မထင် ...ရက်စက်လိုက်ကြတာကံကြမ္မာရယ် ဆွေမျိုးရင်းရှာဆိုလို့ဒီမောင်နှစ်မနှစ်ယောက်လေးပဲရှိတာကိုခွဲရက်တယ် .....အခုတော့သြလည်းဘယ်ရောက်လို့ရောက်မှန်းမသိ ....နီးတဲ့သူအပစ်ပုံချရရင်တော့ကျမဟာရှင့်ကိုပဲအပစ်ပုံချလိုက်ချင်တော့တယ် ကွယ်...
"မမဖြူ တွေးနေတုန်းပဲလားရုန်းမထွက်နိုင်သေးဘူးလားအခုထိ မောင်တောင်းပန်ပါတယ် "
"မဟုတ်တာမောင်ရယ် တောင်းပန်စရာမလိုပါဘူး ဘာမှမဆိုင်တာထမင်း၀ိုင်းပြင်ထားပြီးပြီဆိုတော့အသင့်စားယုံပဲနော် အလုပ်ရှိသေးလို့ဆိုင်သွားလိုက်အုံးမယ်"
"ဟုတ်ကဲ့မမဖြူကျွန်တော်လာကြိုရမလား"
"ရတယ် ရတယ် ဖြူLiveလွှင့်ပြီးတာနဲ့ပြန်လာခဲ့မှာ "
.
.
.
,
"Hello အခုဆိုဖြူတို့ရဲ့pageလေးဟာ 500kအထိရောက်သွားပြီဖြစ်တဲ့အတွက် suprise giftလေးနဲ့ဖွင့်မယ်ကွာ ...suprise giftလေးကတော့ ဖြူဖြူကိုယ်တိုင်ပါပဲ အဟမ်း အဆင်ပြေလား အဆင်ပြေလား အဟား လကားစတာပါရှင်ဖြူခုနနေကြရင်pageမှာ postsအသစ်လေးတစ်ခုတင်လိုက်မယ်နော် အဲ့မှာ အထည်ရေ50ဖောက်ပေးပါ့မယ် ...500ဖောက်ပေးချင်တာပါအဓိက ကတော့ပိတ်စဖိုးတွေစျေးတက်နေတာရယ်ကြောင့်ပါ ...အခုဖောက်ပေးမဲ့ အစုံ၅၀စာကို ဖြူကိုတောင်ချုပ်ပေးမှာပါနော် "