ငယ်ကချစ်နှစ်တစ်ရာအပိုင်း(၆)
"တွေ့လား သူများသားသမီးတွေများဘယ်လောက်လိမ္မာလိုက်သလဲ"
အကုန်လုံးကိုတစ်ဘာသာကျလျှင်၂ချက်နူန်းဖြင့်အယောက်၆၀ကျော်အားဆော်ပလော်တီးပြီးနောက် ခြေကုန်လက်ပန်းကျသည်ထင်ပါသည်
စာနှစ်ပုဒ်လောက်ရှင်းပြပြီး ပြန်လွှတ်လေတော့သည်။ညနေရောက်နေပြီခုချိန်ထိ ရေချိုး ထမင်းမစားရသေး စာလုပ်စားပွဲနားတောင် မထိုင်ရသေးသည်မှာ လင်းအာရုဏ်ဦးဆိုသည့် ကောင်ငယ်လေးတစ်ယောက်ပင်
"လင်းဦး မင်းရေမချိုး မိုးမချိုးနဲ့ အဲ့မှာဘာထိုင်လုပ်နေတာလဲ "
စောင်တွေခေါင်းအုန်းတွေထား ထားသည့်အထပ်လိုက်ကြီးဘေးတွင် အားမရှိဟန်ဖြင့်မှီပြီး ဘာမှမဖြစ်ပါဘူးဆိုပြီးငြင်းနေ၏။
"ဟ လင်းဦးရ မင်းတစ်ခုခုတော့ဖြစ်နေတာမလားငါတို့ကိုမှ မပြောပြရင်မင်းဘယ်ကောင်ကိုပြောပြချင်လို့လဲ"
မင်းပိုင် သည်
"သူရစိုးရာ ဒီကောင်အဆင်သင့်ဖြစ်ရင်မေးစရာတောင်မလိုဘူးပြောပြ
လိမ့်မယ် အေးဆေးလွတ်ထားလိုက်""မင်းပိုင်ပြောသလိုပဲကွာ "
အမှန်တော့ မနက်က မိုးအိန္ဒြေဖြူမျက်နှာကိုမြင်ပြီး ..စိတ်ပူနေတာကြောင့်ပင်။ သူ့သူငယ်ချင်းတွေစီက ကြားတာကတော့ ပန်းကမ္ဘာထဲရောက်နေတာတဲ့ ..လူကောင်က သေးပါတယ်ဆိုအစထဲက ...သေးသေးကပ်လေးဖြစ်နေတော့မှာပဲ ....
"လင်းဦး ကြောင်တောင်တောင်လုပ်မနေနဲ့ ရေချိုးမဲ့ဟာချိုးပြီး အိပ်တော့"
"စာလုပ်ရအုန်းမယ်ကွ "
"အေး စာလုပ်ရအုန်းမှာသိရင် မြန်မြန်လုပ်စရာရှိလုပ် ကြွ "
------
"သူရစိုး မင်းတအား အာချောင်လိုက်တာ အချစ်နာမိနေတဲ့ငှက်ကိုသွားပြီး မင်းမို့လို့ တဆာဆာသွားအော်နေတယ်""အချစ်နာမိနေတဲ့ငှက် "
"မင်းကနော် လည်မလိုလိုနဲ့
အ လိုက်တာ""ဒီငါ ***ကတော့ တော်တော် ရှည်ပါတယ် လိုရင်းမရောက်ဘူး"
"မင်းမတွေ့ဘူးလား မနက်က မိုးအိန္ဒြေဖြူမျက်နှာကိုမြင်ပြီးထဲက အဲ့ရုပ်ဖြစ်နေတာ ဆေးသမားဆေးမစားရတဲ့ရုပ်ဖြစ်နေတာကို "