အပိုင်း (၃၄)
"ဟဲ့ဖြေးဖြေးသာသာလုပ်စမ်းပါ ငါ့အမရာ နင့်ရဲ့Online အလုပ်ကကောဘယ်လိုလဲ"
"လစာထုတ်ထားတဲ့ဟာနဲ့ ဂျက်ဖာတွေရယ်ကပ်ရမဲ့တိပ်တွေရယ်ကို သွား၀ယ်ရမှာလေ "
"နင်အဲ့လိုအရက်နာကျနေတဲ့ပုံစံမျိုးနဲ့ဖြစ်ပါ့မလား နေ့လည်ရောက်မှငါလိုက်ပို့ပေးမယ်"
"အင်းအဲ့တာတော့ဟုတ်တယ်အခုတောင်ခေါင်းတွေမူးနှောက်နေတာပဲ ပြန်အိပ်အုန်းမယ်"
"မမရာနင်ကလည်း"
"သွား သွားငါပြီးမှချက်ကျွေးမယ်မဟုတ်လည်းဒီတစ်နေ့တော့ကိုယ်ပါသာချက်စားလိုက်နင်ကျွမ်းပါတယ်"
"အေးနင်မှအပြောကောင်း"
........
မိဖြူဖြူရယ်အမလေး ဘယ်လိုလုပ်မလဲ သူများတွေများအရက်မူးရင်ညကဟာတွေပြန်မမှတ်မိဘူးတဲ့ သူမမှာကြတော့ အစီအရီအနှေးပြကွက်နဲ့ပြနေသလားအောင်းမေ့ရသည်ဘယ်နေရာစဥ်းစားမလဲတန်းခနဲကိုကွက်ကွက်ကွင်းကွင်းမြင်ရသည်။"မမ နင့်တွေ့ချင်လို့တဲ့ နင့်သူငယ်ချင်းက"
"အပေါ်ကိုလွတ်လိုက်ငါမဆင်းနိုင်ဘူး ဒီလိုပုံမျိုးနဲ့ဒလိမ့်ခေါက်ကွေးကျမှာလှေကားကနေ"
"ယောကျာ်းလေးဟဲ့ နင်ဟာနင်ဆင်းခဲ့ပြုတ်မကျအောင်"
သေနာလေးအမကိုအဲ့လောက်ထိ ဖြူဖြူလည်းမျက်နှာသစ်ခေါင်းလေးဖီးကာအ၀တ်စားကိုဟိုဆွဲချ ဒီဆွဲချကာညကအ၀တ်စားနဲ့သာဆင်းခဲ့တော့သည် ယောကျာ်းလေးသူငယ်ချင်းဆိုလို့ဟိုနှစ်ကောင်ပဲရှိတာကို။
"အမလေး "
"ဘာဖြစ်တာလဲမမရာ"
"သူလား "
"အေးလေ ကိုလင်းဦးလေ စကားပြောကြဦး ငါမီးလာတုန်း နေ့ခင်းစာသွားလုပ်အုန်းမယ်"
"ဘာလာလုပ်တာလဲ"
"အရက်သမားမလေးအမူးပြေပြီလားလို့လာကြည့်တာ"
"ဟွင့်"
ဖြူဖြူကနှာခေါင်းရူပ်ပြီးမထီမဲ့မြင်လုပ်သည့်အခါသူက"တစ်ကယ်ပြောတာအမိရ ခေါင်းတော်တော်နောက်နေလား"
"အင်း"
ဟယ်ဖြူဖြူမနောက်ဘူးလို့ပြောလိုက်ရမှာလေ ဘုရား ဘုရားလင်းအာရုဏ်ဦးနဲ့တွေ့ရင် ပေါက်ပန်းလေးဆယ်တွေထွက်လှချည်လား ...