အပိုင်း (၂၀ )
"ဟဲ့ ကမ ကိုနေဘုန်းကြီးကိုကြည့်ပါအုန်း မျက်လုံးက နင့်စီမှာကြီးပဲ "
"ဟဲ့ မဟုတ်တာတွေလျှောက်ပြောမနေနဲ့ ကိုယ့်စာကိုယ်ရေး ဒီစကားလင်းအာရုဏ်ဦးနားထဲပြန်ကြားနေအုန်းမယ် "
"အမလေး သူ့ရည်းစားကို ကြောက်နေတာ ဟွန့် သူ့လင်က ၁လကျော်ပြီ အဆက်သွယ်မရတာကို "
"ဟယ် ၀တ်မူန်မဘာသူ့လင်လည်း ဟွန့်နင်နော် "
"အေးပါ ဟုတ်ပါပြီ လင်းအာရုဏ်ဦးကအရင်ကအဲ့လောက်အဆက်သွယ်မပျက်ဖူးပါဘူး ၂ပတ်တစ်ခါလောက် ဖုန်းအားတိုင်းခေါ်နေတာကို "
"သူစာမေးပွဲတွေနဲ့ အလုပ်ရူပ်နေလို့နေမှာပေါ့ဟယ် "
"ပြောရင်လည်းမကြိုက်ဘူး သူ့ဟာလေးဘက်က ကာကွယ်ပေးနေလိုက်တာ အခုမှကျောင်းစဖွင့်ကာစပဲရှိသေးတယ်နော် "
"ဟဲ့၀တ်မူန်မ လေပေါမနေနဲ့ နောက်အချိန်ကဘောဂအချိန် စာမေးမှာနော် "
"အမလေး ဟုတ်ပအေ မေ့လို့ မေ့လို့ "
"ဖြူဖြူရေ ဆရာမကအသင်းခွဲပေးသွားတာ ရေးပေးအုန်းတဲ့ နင်နဲ့မော်နီတာကို"
"ဟယ် ဘယ်ဟာလဲ ဆုလာဘ် "
"အသင်းစာရွက်လေ ခုပေါ်မှာတင်ထားတယ်တဲ့ ငါအပြင်သွားရင်းနဲ့ဘဆရာမတွေနားနေခန်းဘက်ကပြန်လာတော့မှာလိုက်တာ နှစ်ယောက်ခွဲလုပ်တဲ့အချိန်ဇယားကောတဲ့ "
"အေအေ" .
.
.
.
.
"ကိုနေဘုန်းထွဋ် ဆရာမကအသင်းစာရွက်တွေရေးခိုင်းပြီအဲ့တာကိုနေဘုန်းထွဋ် ဘယ်အပိုင်းတာ၀န်ယူမလဲ အသင်းစာ၁ရွက်နဲ့အချိန်ဇယားလား အသင်းစာ၄ရွက်လား "ခေါင်းကုပ်နားကုပ်ဖြင့်ပြောမဲ့စကားကို မပြောသည့်ရှေ့ကသူကြောင့် စိတ်ကမရှည်တော့
"အဟမ်း အကုန်လုံးကိုအဆင်ပြေရင်ကျွန်တော်ပဲ ဆွဲလိုက်မယ်လေ ဘယ်လိုလဲ ""အယ် ဆရာမကလေတာ၀န်ခွဲပေးထားတာ တစ်ကယ်ဆို ဖြူကမလုပ်ချင်ဘူးရယ် အဲ့လိုလုပ်လိုက်ရင် ဆရာမကဆူမှာကျိန်းသေးတယ်ကိုနေဘုန်းထွဋ်"
"အင်းအဆင်ပြေတယ် ကျွန်တော်ဆွဲလိုက်ပါ့မယ် ကျောင်းမတက်ခင် ကျွန်တော်လာပေးပါ့မယ် "