ငယ်ကချစ်နှစ်တစ်ရာ
အပိုင်း (၄၄)
"စိတ်ကောက်တာလား"
ဖြူကသူ့ကို ကလေးတစ်ယောက်လိုအမြဲဆက်ဆံနေတော့သည် အားနွဲ့တဲ့သူလို့လည်းထင်နေပုံ ။
သူမက လွှမ်းမိုးချင်သူ ။
မရတော့ဘူး ဒီသေးသေးလေးကိုပညာပြရတော့မယ်။"မောင်ရယ် ထမင်းစားလေ စားပြီးရင် ငါနင့်ကိုပြောစရာလည်းရှိတယ်"
"မောင်လည်းမမကိုပြောစရာရှိတယ် ဘာပဲဖြစ်ဖြစ် မမအရင်ပြောပါ"
ရုတ်တစ်ရက်ကြီး မမချင်း မောင်ချင်းထပ်အောင်ပြောနေသောကြောင့် ဖြူဖြူမှာမျက်နှာရှိန်းတိန်းဖိန်းတိန်းဖြစ်လာရတော့သည်။
ကိုယ်ခေါ်တုန်းကအကောင်း
သူပြောမှလူကဘာဖြစ်ချင်သွားလဲမသိ။
မျက်နှာခပ်မှန်မှန်နဲ့သာပြောနေသည့် လင်းအာရုဏ်ဦး"ဘာဖြစ်တာလဲ မစားတော့ဘူးလား"
ထမင်းပန်းကန်ထဲလက်စိမ်ပြီးစဥ်းစားခန်း၀င်နေသည့် ဖြူဖြူအားလှမ်းသတိပေးရင်းကြည့်တော့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ နူတ်ခမ်းအပေါ်လွှာနဲ့အောက်လွှာကို ခနခနဖွင့်လိုက်ပိတ်လိုက် လုပ်နေတော့သည်။
ဒါကသူမရှက်ရင် လုပ်နေကြ အမူအယာ။"တော်ပြီ ဗိုက်ပြည့်သွားပြီ"
"အင်း မောင်လည်းပြည့်သွားပြီ ပေးမမပန်းကန် မောင်ဆေးပေးမယ်"
"အင်းအင်း"
••••••••••
"မမပြောမို့ဆို ဘာပြောမှာလဲ"
သူရဲ့မထိကလုထိကလုတွေကြောင့် လူကပြောမဲ့စကားတွေတောင် လည်ချောင်း၀တစ်လစ်။"ငါ...ငါ.."
သူရဲ့အကြည့်တွေအောက်မခံနိုင်တော့သည့်အဆုံးသူ့ကိုသာအရင်ပြောခိုင်းလိုက်ရတော့သည်။"နင်ပဲ အရင်ပြောတော့ မောင်"
"အင်းမောင်ပြောမယ်နော်"
"အင်းပြောလေ"
"မောင့်နောက်ကို မင်းလိုက်ရဲလား"
"ဟင် ဘာကိုပြောတာလဲ အခုလည်းမောင့်နောက်ကလိုက်ခဲ့တာပဲကို"
"ဒါကခနလေးပဲလေ တစ်ဘ၀လုံးစာကိုပြောတာ"
"ဟင်"