အပိုင်း (၂၅)
အဲ့နေ့ကစပြီး သူလည်း အမေတို့အိမ်မပြန်တော့ပဲ အဆောင်ကိုသာ နေ့တွင်းချင်းပြန်ခဲ့တော့သည်။
အဲ့နေ့ကလူတိုင်း ပိတ်ရက်မှာ အိမ်ပြန်ကြပေမဲ့ သူ့တစ်ယောက်တည်းသတ်မှတ်ရက်မပြည့်ခင်ပြန်လာခဲ့သည်။
ကိုယ်ကိုယ်လည်းစဥ်းစားလို့မရပေ အသဲကွဲပြီး လုပ်ချင်ရာတွေလျှောက်လုပ်နေမိသည်က အယောင်ယောင်အမှားမှား.။ဘာမှကိုအကြောင်းပြချက်ရေရေရာရာမရှိပဲ ဖျက်ခဲ့ရက်သည့် ဖြူ့ကိုလည်းအသဲယားလွန်းလှသည်။
ယောကျာ်းတစ်ယောက်ရဲ့မာနတွေသည်လည်း မိုးအိန္ဒြေဖြူနဲ့တွေ့မှ အလဲလဲ အပြိုပြို။ကျောင်းပိတ်ရက်ပြည့်ပြီး အဆောင်နေကျောင်းသားများလည်းပြန်လာကုန်ကြပြီ။
"ဟာလင်းဦး မင်းကစောလိုက်တာ ငါအစောဆုံးထင်နေတာ"
"အင်းဟုတ်တယ် "
"အသဲကွဲနေတဲ့ရုပ်နဲ့ကွာ မင်းဟာကလည်းအသက်မပါလိုက်တာ ပြောပုံက"
ဒီကောင်တော်တော်ပေရှည်လိုက်တာ
"အမ်း ဟုတ်တယ် နဲနဲ ခေါင်းနောက်နေလို့""အေးအေး အနားယူလိုက်ဦး ငါအပြင်ပြန်ထွက်အုန်းမယ်"
"အေး မင်းအပြင်ထွက်ရင် တံခါးပိတ်ခဲ့အုန်း "
"အိုကေကွာ"
၆လတာတွဲခဲ့တဲ့ဆက်ဆံရေးကို တိကနဲဖျက်ချနိုင်တဲ့ဆရာမကြီးရဲ့skillကိုတော့ အထူးတလည် ချီးကျူးနေစရာမလိုတော့။
ကိုယ့်ညံ့လို့ ကိုယ်ခံရတာပဲမှတ်လိုက်တော့မည်။သတိရတိုင်း လွမ်းတိုင်းစာပိုလုပ်ဖြစ်တော့ နောက်ဆုံးစာမေးပွဲကြီးမှာ ဖြေနိုင်တာထက်ကို ပိုပြီးဖြေနိုင်ခဲ့ပါသည်။
သူရစိုးတို့နဲ့လည်းမတွေ့ဖြစ်တော့။
လင်းဦးကိုယ်တိုင်ကမသွားတာဆိုပိုမှန်၏။သူမအကြောင်းတွေကို ကြားနေရအုန်းမည်။
မေ့နေသည့်ကြားထဲမှာမှ စာမေးပွဲခန်းထဲမှာ သူမဖြေကောဖြေနိုင်ပါ့မလားဆိုတဲ့အတွေးက ၀င်လာဖြစ်အောင်၀င်လာသေးသည်။.
.
.
.
"ဟေ့ယျောင့် လင်းဦး မင်းခရီးလိုက်မှာလားစာမေးပွဲနောက်ဆုံးနေ့ညနေသွားမှာ"