အပိုင်း(38)

1.7K 53 1
                                    

အပိုင်း (၃၈)

ဖုန်းခနလေးထွက်ပြောနေသည့်ခနလေးတွင် ဘယ်လောက်တောင်မူးအောင်သောက်ထားတာလဲမသိတော့ပေ။ အထဲမှာတွေ့တုန်းကတောင် အကောင်းကြီးရှိသေးတာကို ...လင်းအာရုဏ်ဦးက လူကိုစိတ်ဒုက္ခလည်းပေးနိုင်သေးသည်။

"ဘာတွေလာပြောနေတာလဲ အမူးသမားနဲ့စကားတုမပြောချင်ဘူး"

"အဲ့လိုအမူးသမားဖြစ်အောင် မင်းပဲလုပ်ခဲ့တာလေအသဲမာသူကြီးရဲ့ "

"ဘာငါကလုပ်တယ် ကိုယ့်ဟာကိုယ်သောက်စားမူးရူးပြီးမှ သူများကိုအပြစ်လွဲချတာကကောင်းတယ်များထင်နေလား"

ရည်းစားဟောင်းနဲ့စကားရပ်ပြောနေရတာဟာဖြူ့ဖြူ့အတွက်တော့ တော်တော်ကြီးကို အဆင်ပြေမနေပေ။
ပြီးတော့ မူးနေတဲ့သူ  ပြီးတော့လင်းအာရုဏ်ဦးဆိုသည့်ကောင်မိုလို့ပင် ပိုလို့အဆင်မပြေဖြစ်ရသည်။

"ဘာလို့ ယောကျာ်းယူသွားရတာလဲ သစ္စာမရှိတဲ့မိန်းမ၊ ဂတိမတည်နိုင်ပဲတွေ့ရာလျှောက်ပြောတတ်တဲ့မိန်းမ ၊ ယောကျာ်းဖြစ်ရင်ပြီးရောဆိုပြီးယူတဲ့မိန်းမ  ၊မိုးအိန္ဒြေဖြူရာနင်မိုလို့လုပ်ရပ်တယ် ..."

"ဖြောင်း ....."
အားပါပါဖြင့်လွဲရိုက်ချလိုက်သည်မို့ဖြူဖြူ့လက်ဖ၀ါးပင်ကျိမ်းတိမ်းတိမ်းဖြစ်သွားရသည်။

"ဘာဖြစ်တယ်ပြန်ပြောလိုက်စမ်း နင် ....နင်....ယောကျာ်းဖြစ်ရင်ပြီးရောဆိုပြီးယူလိုက်တဲ့မိန်းမ ဟုတ်လား နင့်ပါးစပ်ကြီးကပြောထွက်တယ်နော် "

မူးနေသည့်အရှိန်ပါပျောက်ထွက်သွားအောင် ချနိုင်သည့်မိုးအိန္ဒြေဖြူကိုတကယ်ကြီးချီးကျူးမိပါသည်။
ယောကျာ်းရသွားတော့ လက်သံတွေပါ ပြောင်လာသည်...။ယောကျာ်းရသွားသည်ဆိုသည့် အမှန်တရားပေါ်ပေါ်လာတိုင်း ရင်ထဲတွင့်အောင့်သတ်သတ်ဖြင့်။

"အေး နင်ထင်ရာစွတ်ထင်နေလိုက် လင်းအာရုဏ်ဦး  အရင်ကလိုဇွတ်တရွတ်တစ်ဇောက်ကန်းအကျင့်ကအခုထိပြင်မလာနိုင်သေးဘူး "

"မင်း...."

ရိုက်တုန်းကတော့ပြောထွက်နိုင်တယ်ဆိုပြီးရိုက်လိုက်တာပဲ   အခုလင်းအာရုဏ်ဦးကအရှေ့ကိုလက်ညိုးတည့်တည့်ကြီးထိုးပြီးတိုးလာသောကြောင့် သူမနောက်ဆုတ်ရင်း နောက်ဆုတ်ရင်းနှင့်ပင် စီးထားသည့် ဖိနပ်အမြင့်ကနေခြေလိမ်ကာ ပြုတ်ကြတော့သည်။
သူမတို့နှစ်ယောက် ရုန်းရင်းဆန်ခက်ဖြစ်နေသည်ကို တစ်ချို့တစ်လေက၀ိုင်းကြည့်နေကြသည် ။ ဒီစောက်ကောင်နဲ့ပတ်သတ်လာရင် တစ်ခုမဟုတ် တစ်ခုဖြစ်လိုက်ရမှ။ လူတစ်ချို့စီမှ......

ငယ်ကချစ်နှစ်တစ်ရာ✅✅✅Where stories live. Discover now