အပိုင်း (၁၁)
လင်းဦး အဲ့နေ့ထဲက မျက်နှာချင်းမစုံရတော့ပေ။
ရှက်လို့ထင်ပါရဲ့ ။အားကစားပွဲအစနေ့
မနက်ခင်းအစောပိုင်း မူလတန်းတွေကိုအရင်ပြိုင်ရ၏။
အာလူးကောက် .. မုန့်စား ပြိုင်ပွဲ /
၊ အပ်ချည်ထိုး၊ အပြေး၊ ဂဏန်းတွက် ၊အစုံပဲဖြစ်၏။နောက် အလယ်တန်းထဲ သူတို့ ၉တန်းတွေပါ ပါ၏။
၁၀တန်းတွေကိုတော့ ဘောလုံးပွဲထဲ ယောကျာ်းလေးတွေပဲပါ၏။အတန်းကြီးဖြစ်တာမို့ ထုတ်စည်းထိုး ၊ တို့ကအစပါ၏။ ၉တန်းမိန်းကလေးတစ်ဖွဲ့နဲ့ ၈တန်း မိန်းကလေးတစ်ဖွဲ့ပင်။
ယောကျာ်းလေးတွေသည်လည်း သူ့အတန်းသူအားပေး ကိုယ့်အတန်းကိုယ်အားပေးနှင့်ပင်။
နိုင်ကာနီးတွင် ထမင်းရေပူစည်းနင်းမိသွားတာကြောင့် ၉တန်းဖြူဖြူတို့အသင်းဟာ ရှူံးသွားတော့သည်။
နောက်ပိုင်း မီတာ၃၀၀ လက်ဆင့်ကမ်းတွင်တော့ လုံး၀ကိုမရတော့ပေ။ လူက ဟိုက် ဟိုက်ပြီးကိုမောလာတာကြောင့် အသက်ရူရပ်သွားမှာတောင်စိုးရိမ်ရသည်။
ဆရာမရှိရာ ဘက်လက်လှမ်းပြပြီး အားကစားကွင်းထဲတွင်ထိုင်ချပလိုက်၏။"ဟယ် ဟိုမှာ မိုးအိန္ဒြေဖြူ ဘာဖြစ်လို့လဲ မသိဘူး သွားကြည့်ကြည့်ပါအုန်း ကလေးကမောနေပြီလားမသိဘူး"
ဆရာမတွေကလည်း ပြူးပြူးပြဲပြဲဖြင့် ထိုအခါမှ ဘေးနား၀ိုင်းအုံလာ၏။
လင်းအာရုဏ်ဦးကတော့ ဘေးနားဘာလုပ်လို့ လုပ်ရမှန်းမသိပေ။
"သမီး ဖြူဖြူ ရရဲ့လား လာလာ ကွင်းပြင်ကို "
"သူရစိုးရေ သား သူငယ်ချင်းကို ပွေ့ခဲ့ပါအုန်းကွယ် သူလမ်းလျှောက်နိုင်မှာမဟုတ်ဘူး"
"ဟုတ်ကဲ့ ဆရာမ"
သူရစိုးမှာသာ ပွေ့သာပွေ့ခဲ့ပေးရတယ် ဘယ်အချိန်နောက်ကကန်မလဲတွေးပူနေရတယ်။
သူရစိုးနှင့် လင်းဦးသည် သူရစိုးကလူကောင်ပိုတောင့်သည်ဟုထင်ခံရသည်။ အသားကအညိုဘက်သန်းသည့်ဘက်သွားတော့ ပိုထွားပုံပေါက်သည်။
အမှန်တစ်ကယ်စို မတိမ်းမယိမ်းပင်။