အပိုင်း(5)

2.1K 73 0
                                    


တွေ့ဆုံ

အပိုင်း (၅)

"ဖြူဖြူ နင့်ဆံပင်ကိုနှစ်ဖက်ခွဲပြီးကလစ်လေးပန်လိုက်ရင်ပိုပြီးတော်တော်လေးကြည့်ကောင်းနေမှာ"

"ဟုတ်လား ဒါဆိုငါသွားလုပ်အုန်းမယ် ခနစောင့်"

"အေးအေး"

"ဟဲ့ မိုအိန္ဒြေဖြူ ဖြူဖြူ မြန်မြန်လုပ်ဟဲ့  ခုံနေရာမရပဲ နေဦးမယ် "

"လာပါပြီဟဲ့ "
ဂါ၀န်အ၀ဲလေးကိုမှ ဒူးအောက်လက်ဖောင်းလေးနဲ့မို့ ခန္ဓာကိုယ်ပြည့်ပြည့်လေးကို ပိုပေါ်လွင်စေသည်။ ခေါင်းကဆံပင်ကိုပါ နှစ်ဖက်ခွဲလေး...ကလစ်ပန်လာတာကြောင့် ၅နှစ်သမီးနဲ့ပင် တူနေတော့သည်....

"မျိုးမြတ် "

"​ေ၀့ "

"ရှမ်းကော စားမို့လား"

"အေးလေ အဲ့တာမစားချင်လို့ နင်ကဘာစားချင်လို့လဲ ဖြူဖြူ"

"ငါလား ဟဲဟဲ ရဲစခန်းဘက်သွားတဲ့လမ်းက ရပ်တော်မူဘုရားရှေ့ကဆိုင်မှာစားချင်လို့ ..အဲ့မှာပိုစုံတယ်လေ
ရှမ်းကောအပြင် ထမင်းလိပ် ဖျော်ရည် sodaအစုံရတယ်တဲ့ "

"ဖြူဖြူနင့်ဟာကလည်းဟယ် အရှေ့မှာအားရပါးရနားထောင်လာခဲ့သမျှ နောက်ဆုံးမှာ ဘာလုပ်တာလဲ တဲ့က "

"ငါလည်းမသွားဖူးဘူးလေ အိမ်ကကောင်သွားတာ ငါ့ဖို့တောင် ထမင်းလိပ်၀ယ်လာခဲ့ပေးသေးတယ် ရှမ်းခေါက်စွဲတို့ပါအစုံရတယ် "

"အေး ဖြူဖြူပြောတဲ့ ဆိုင်ကိုပဲ သွားကြမလား ဘာပဲဖြစ်ဖြစ် ကျူရှင်လည်းပိတ်နေတာပဲကို "

"အေးသွားကြစို့ "

°°°°°°°°°
"ဖြူ နင်ပြောတာဒီဆိုင်လား"

"အင်း ထင်ရတာပဲ "

"ဟဲ့ မသေချာ မရေရာတွေ သြသြကို ဖုန်းဆက်မေးကြည့်လိုက်"

"အေး...၀တ်မူန် ခုဆက်လိုက်မယ်"

📱"ဟယ်လို သြရေ ငါ့ကိုဟိုတစ်ခါ ရေညှိထမင်းလိပ်၀ယ်ခဲ့ပေးတဲ့ဆိုင်က ဘုရားကြီးရှေ့ကဆိုင်လား အေးဟုတ်တယ် KS ဘေးနားကလေ "📱

"ဟုတ်တယ်တဲ့ "

သူတို့၀င်ထိုင်လိုက်သည်ဆိုရင်ဖြင့်aircon လေသည်ကျောကိုစိမ့်နေအောင်ပင်အေးသွားတော့သည် ..

ငယ်ကချစ်နှစ်တစ်ရာ✅✅✅Where stories live. Discover now