အပိုင်း (၃၇)
"နင်တို့ကလည်း "
"နာနေတာ မိုးအိန္ဒြေဖြူတို့က လုပ်အုန်းမယ်"
"၀တ်မူန်သွားပြောမနေနဲ့ ဒီကောင်မကိုပြောနေရတာ နွားပလာတာကျွေးနေရသလိုပဲ "
"နင်တို့တွေငါ့ဆိုင်ကိုလည်းလာသေးတယ်ငါ့ကိုလည်းလာနှိပ်ကွတ်နေသေးတယ်ခွေးမတွေ "
"မကျေနပ်ဘူးလား"
"ကျေနပ်စရာလားဟဲ့ နေပါအုန်းနင်တို့ကအစုလိုက်အပြုံလိုက်လာကြတာ အားလပ်ရက်လည်းမဟုတ်ပါဘူး"
"အေးမေ့တော့မို့ပြောစရာရှိလို့လေ gpထဲကြနင်ကမရှိ အရေးဟဲ့အကြောင်းဟဲ့ဆိုလိုင်းကိုတတ်မလာတော့ဘူး အပြင်ဖုန်းနဲ့ကြတော့လည်း ခေါ်မရ ပြုမရ "
"ဟုတ်တယ် ငါ့ဖုန်းကဆိုင်ပို့ထားရလို့ ဆိုင်ဖုန်းနဲ့ပဲသုံးနေရတာအခုက ကဒ်ပါထည့်ပေးလိုက်မိတာမေ့သွားတယ် အပိုတွေပြောမနေနဲ့ နင်တို့ပျင်းလို့ရုံးမသွားတိုင်းငါ့ကို လာလွဲချမနေနဲ့ "
"အဲ့ဒါအသာထားကြ ငါတို့မနက်ဖြန်ပိတ်ရက်ကြ ခရီးတိုလေးတစ်ခုလောက်ထွက်ရင်ကောင်းမလားလို့ အေ၀းဆုံးရွှေမောဓော လောက်ပေါ့"
"ဟယ် မနက်ဖြန်လားမျိုးမြတ် "
"နင်မအားဘူးလားဖြူဖြူ"
"အားတာကတော့ အားပါတယ်ငါက ကလေးနှစ်ယောက်ကိုမနက်ဖြန်ကြအပြင်လိုက်ပို့ပေးမယ်ပြောထားပြီးပြီး တနင်္ဂနွေနေ့လောက်ရွေ့လို့မရဘူးလား"
"နင့်ကလေးတွေကို ရွေ့လိုက်လေ"
"ဟယ် မေတ္တာတရားခေါင်းပါးလိုက်တာဆုလာဘ်မ"
"ကလေးတွေကြတော့ဟယ်နောက်နေ့ဆိုကျောင်းပြန်တက်ရတော့ ပန်းနေမှာဆိုးလို့ပါ "
"သြော်သြော် တော်တော်ကောင်းတဲ့သူငယ်ချင်းမကြီး"
"သဘောကောင်းပါတယ် နင်တို့က ကလေးတွေကို ဦးစားပေးလိုက်ပါဟယ်"
"ဟို နမည်တစ်လုံးကောင်နဲ့ပဲမလား ကလေးနှစ်ယောက်နဲ့ နင်အဲ့လိုကြပ်ကြပ်လုပ် ကလေးအမေဆိုပြီးအပြင်မှာထွက်နေပြီ တစ်သက်လုံးဒီလိုဘ၀နဲ့အရိုးထုတ်သွားရလိမ့်မယ် ဟိုဟာတွေကအတောင်စုံရင်ပျံကြမှာ နင်ပဲကျန်နေခဲ့မှာ အခုကနင့်ကိုဇရပ်ပျက်လိုသဘောထားပြီးခနလာနားနေကြယုံပဲ "