အပိုင်း (၂၈)
"ဖြူဖြူမ နင်ကလည်းလိုက်လာပြီးရင်လည်းနဲနဲပါးပါး လန်းလန်းဆန်းဆန်းနေပါဟဲ့ သြကိုစိတ်မချနေတာလား"
"အင်းငါပြန်တော့မယ် မနက်ဖြန် အိမ်မှာကသြတစ်ယောက်တည်း"
"ဟယ် ကိုယ်ချင်းမစာလို့ပြောတာမဟုတ်ပါဘူးငါက ရောက်လာပြီးပြီပဲကို နင်အဲ့မှာနေရင်လည်း သတိရနေမှာ ငါတို့ကစိတ်ပြေလက်ပျောက်ဖြစ်စေချင်လို့ခေါ်လာခဲ့တာကို"
"အင်းအင်း ငါဖုန်းသွားဆက်လိုက်အုန်းမယ်"
"Hello သြအဆင်ကောပြေရဲ့လား ငါလိုက်လာပြီးမှ နင်အဆင်ကောပြေရဲ့လားလို့စိတ်ပူနေတာ"
"ရတယ် ငါ့အတွက်ပူမနေနဲ့ အဲ့မှာသာပျော်အောင်နေခဲ့ တစ်ယောပ်ထဲပြန်မလာခဲ့နဲ့နော်"
"အေးအေး အဖွားလေးပြောစကားလည်းနားထောင်အုန်းနော်"
"အင်း ဒါပဲ".
.
.
.
"ဟယ်မြေးကလိုက်မသွားဘူးလား ""ဟုတ်တယ်အဖွား
ဖြူကရေချိုးတာနောက်ကြသွားလို့ တမင်မစောင့်ခိုင်းတော့တာ""အေးအေ ကိုယ့်အိမ်ကို့ယာလိုသဘောထားနော်ငါ့မြေး "
"ဟုတ်ကဲ့ အဖွား"
.
.
.
.
"လင်းဦး မင်းရုပ်ကလဒမိူင် မိူင်နေတဲ့ရုပ်နဲ့ ဖင်တကြွကြွနဲ့ ဘာဖြစ်နေတာလဲ ""ဘာမှမဖြစ်ပါဘူး "
"ငါကမသိပါဘူး ငါကြိုက်နေတဲ့
ေကာင်မလေးကိုပြထဲက မျက်စိမျက်နှာပျက်ဖြစ်နေထဲက မဟုတ်မှ မင်းများကြိုက်နေတာလားလို့ ""ဟမ် "
"မဟုတ်သေးပါဘူး မြို့သားရာ မင်းကိုကြည့်ရတာ ဘာလိုလို့ လိုမှန်းကိုမသိတာ အရင်ရက်တွေကဒီလိုမျိုးမဟုတ်ပါဘူး "
"အင်း မင်းထင်လို့ပါ"
ညနေမှောင်ရီပျိုးစဖြစ်တာကြောင့် နွားကျောင်းသည့်ကလေးတွေလည်းပြန်လာကြပြီ ...ပဲကောက်သင်းကောက်သည့် အဖွဲ့တွေ့လည်းစကားတပြောပြောဖြင့်
ရွာလယ်လမ်းပေါ်တွင် ကျွက်စိရိုက်နေတော့သည်။"ယျောင့် လင်းဦး ခုနကငါမင်းကိုသေချာမပြလိုက်ရဘူး ဟိုတစ်ယောက်တွေ့လား မျက်နှာပြောင်နဲ့လေ ဂါ၀န်ပန်းရောင်နဲ့လေကွာ အဲ့ဒါငါပြောတဲ့ကောင်မလေးပေါ့ သူငယ်ငယ်ကနှစ်တိုင်းလာတယ် တစ်နှစ်ကစပြီးမလာတော့တာ လာတိုင်းငါနဲ့စော့နေကြ"