အပိုင်း (၂၆)
မောင်နှမနှစ်ယောက်လုံးတမှေးအိပ်ပျော်သွားသည့်အချိန်တွင် ဘေးကဖြူ့ဖြူ့ဖုန်းမြည်လာသောကြောင့် မထချင် ထချင်ဖြင့် ဖုန်းကိုင်ကာ
"hello"
"......"
" ရှင်"
"......"
" ဟုတ်ကဲ့ပါရှင် သမီးတို့အခုလာခဲ့ပါ့မယ်"
"......."
"ဟုတ်ဟုတ် ဟုတ်ကဲ့ "
"သြ မောင်လေး အဟင့် မောင်လေး"
"ဟင် မမဘာလဲ ဘယ်နားကအောင့်လို့လဲ"
"အမေနဲ့အဖေလေ အမေနဲ့အဖေ အဟင့် "
"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲလို့"
"အမေနဲ့အဖေ စခန်းကအပြန် စီးလာတဲ့ကားမတော်တဆမူကြောင့်မောက်သွားတယ်တဲ့ ငါတို့လိုက်သွားမှဖြစ်မယ်"
"ဟမ် နင်နေခဲ့ ငါသွားလိုက်မယ် "
"နင်သွားရအောင် အသက်ပြည့်ပြီးမိုလို့လားနင်က တူတူသွားမယ် ဆေးရုံကဆရာ၀န်ကိုပြောခဲ့လိုက်မယ်"
"အင်း သက်သာလို့လား"
"အေး ရတယ်"
ဆရာ၀န်ကတော့ ဆိုင်ကယ်ကယ်ရီခနဲ့လမ်းမှာဗိုက်စာရင်စားသွားဖို့အတွက်ဆိုပြီး ပိုက်ဆံ၅၀၀၀ထည့်ပေးလိုက်၏။
ဆေးရုံခကမရှင်းရသေးတာကြောင့် သူမမှာ ယုံအောင်လို့ အမေစင်ထားတဲ့ဆွဲကြိုးကိုဖြုတ်ပေးခဲ့လိုက်၏။
လာပြန်ရွေးမည်ဖြစ်ကြောင်းကိုတော့သေချာမှာခဲ့ရသေးသည်။မောင်နှမနှစ်ယောက်သား ရဲစခန်းကို ကယ်ရီနှစ်ဆီးငှားပြီး အပြေးအလွှားသွားရ၏။
ဟိုရောက်ရောက်ခြင်း နီးစပ်ရာဆေးရုံမှာတင်ထားသည်ဖြစ်ကြောင်း မူ့ခင်းရဲကပြောလာတာကြောင့် သူမတို့မောင်နှမနှစ်ယောက်ဆေးရုံကိုပြန်ပြေးရပါတော့သည်။
"ကားaccdientဖြစ်တဲ့လင်မယားနှစ်ယောက်ရဲ့ လူနာပိုင်ရှင်တစ်ချက်လောက်လာခဲ့ပေးပါ "
"ဆရာမသမီးတို့ပါ "
"မင်းတို့က "
"သမီး သမီးတို့ရဲ့မိဘတွေပါ "