ငယ်ကချစ်နှစ်တစ်ရာ
အပိုင်း (၁၃)
Djသံများဖြင့် တစ်ခန်းလုံးဆူညံကျွက်စိရိုက်နေတော့သည်။
တစ်တန်းလုံးကို အပြင်မထွက်စေဘဲ အကုန်လုံးကို တံခါးပိတ်ထားသောကြောင့် နေချင်လည်းနေ မနေချင်လည်း နေနေရတော့သည်။
"လင်းဦး ဟေ့ယျောင် မင်းဘယ်လဲကွာ"
"ဟိုမှာလေ သေးသေးလေးစီသွားမလို့ "
"ဘယ်က သေးသေးလေးလဲ ကောင်းကောင်းမွန်ပြောစမ်းပါကွာ မျက်နှာတွေလည်းနီနေပြီ မင်းမသောက်နိုင်ဘူးမလား "
"ဘာလို့ မသောက်နိုင်ရမှာလဲသောက်နိုင်တယ်ကွ "
"ဟာ ဒီကောင် "
"လွတ်ထားလိုက် သူရစိုး "
"ဖြူဖြူ နင်အဲ့ပဲနို့ကိုတိုက်မလား မိုင်လိုကိုတိုက်မလား "
"တစ်ခုမှမတိုက်ဘူး သောက်ချင် ကိုယ့်ဟာကိုယ်၀ယ်သောက် "
"နင်ကလည်း အမြဲအဲ့တာတွေသောက်နေရတာ မရိုးဘူးလား Spyပြောင်းသောက်မယ်လေ "
"မသောက်တတ်ဘူးငါ သောက်လည်းမသောက်ချင်ဘူးပါဘူး ၀တ်မူန်ရယ် နင်တို့ဟာ နင်တို့သောက် "
"၀တ်မူန်ရယ် သူမသောက်တော့ ပိုတောင် ကောင်းသေး တို့ပိုသောက်လို့ရတယ် လာလာ ရော့ ငါတို့ဟာတွေယူထားပေးအုန်း"
"အဖွားကြီးအို ကြနေတာပဲ နင်သံပုရာသီးတရူရူနဲ့ "
"ဟဲ့နင်ကလည်း ငါဒီအနံ့တွေနဲ့ ခေါင်းမူးလို့သေသွားနိုင်တယ် ဆုလာဘ်ရဲ့"
"အေးပါ အဲ့မှာ ထိုင်စောင့်နေ မားမားဂဲလ်လေး"
အင်္ကျီလက်ရှည်တွေလာပေးထားခြင်း...သောက်စားပြီး ကတော့မယ်ပေါ့။
အမေက သောက်တာမကြိုက်ပေ။
ဖြူဖြူကလည်း မသောက်ချင်ပေ။"ဖြူ တစ်ယောက်တည်းလား ဘယ်သူ့ဟာတွေ ယူထားပေးတာလည်း "
"သြော် ဆုလာဘ်တို့အင်္ကျီတွေလေ "
"သူတို့ဟာသူတို့မယူထားပဲ သူများကိုဘာလို့လျှောက်ကိုင်ခိုင်းနေတာလဲ "
"အမ်း ဘာကြီးလဲ "
တီးလုံးသံတွေ လူသံတွေနဲ့မို့ သိပ်မကြားရပေ မူးသည့်လူတွေကမူးနေကြပြီ။
ပြောလိုက်တာတော့သိသည် ။ ဘာကိုပြောလိုက်မှန်းမသိပေ။