ငယ်ကချစ်နှစ်တစ်ရာအပိုင်း (၁၀)
၀ါတွင်းဥပုပ်ကျောင်းမပိတ်ခင် ကျောင်းတွင် ၀ါဆိုသင်္ကန်းကပ်ရန် သဒ္ဓါသလောက်ထည့်ပေးရန် လင်းဦး မော်နီတာက လိုက်ကောက်ပေးရ၏။
၉တန်းတစ်ခန်းလုံးလိုလိုပင် အုပ်လိုက်ကြီး တစ်ခန်း၀င် တစ်ခန်းထွက် ငွေထည့်ပေးသည့် မောင်လေးတွေညီမလေးတွေကိုလည်း လူကြီးတွေစီက ကြားဖူးနား၀ရှိသည့် စုတွေတစ်သီကြီးတစ်ယောက်တစ်ပေါက် ပေးကြ၏။
ဒီ၉တန်းနှစ်ဟာလုံး၀ကို ပျော်စရာကောင်းနေသည့်အပြင် အမှတ်တရတွေအများကြီးနှင့်ပင်။
တစ်ခုသဘောကျစရာကောင်းသည့်အချက်က ဘယ်အလှူအတန်း ဘာပွဲညာပွဲအတွက်ဆိုပြီး ငွေသတ်မှတ်ပြီးမကောက်ပေ ။ ကိုယ်စေတနာသဒ္ဓါတရားရှိသလောက်သာထည့်ခိုင်း၏။
မထည့်လည်းပြီးပြီးပေ ဆရာမတွေက။
ဒီနေ့ဟာ တနင်္လာနေ့ဖြစ်တာကြောင့် နောက်ဆုံးရက် သောကြာနေ့ဆို ဘုန်းကြီးပင့်ပြီး ဘုရားခန်းထဲတွင်၀ါစိုသင်္ကန်းကပ်မည်ဖြစ်၏။အရင်ကတော့ ဘုရားခန်းကိုသီးသန့် တစ်ခန်းထား ထားသော်လည်း နောက်ပိုင်း လူတွေတအားများလာတာကြောင့် ဘုရားခန်းထဲတွင် ၆တန်းBတွေကို ထားခြင်း။
.
.
.
.
..
.သောကြာနေ့နှင်းဆီပန်းနှင့် အမွှေးတိုင် ဖယောင်းတိုင် လေးတွေဟာ ကလေးတိုင်း လက်ထဲတွင် နေရာယူထား၏။
သူမတို့အဖွဲ့ကိုဆရာမကစောစောလာခိုင်းထားတာကြောင့် အခန်းထဲတွင် တစ်ယောက်စ နှစ်ယောက်စလာပေးသည့် နှင်းဆီပန်းတွေကို အရောင်ခွဲပြီး သောက်ရေအိုးကော်ပုံးတွေထဲအ၀ိုင်းလိုက်ဖြစ်အောင် ထည့်နေကျရ၏။
စူးတွေပါသောကြောင့် တစ်ခါတစ်လေ စူးနဲ့ခြစ်မိတာတွေတော့ရှိသည်။
နောက်ပိုင်း ၇နာရီခွဲလောက်လည်းကြရော အုံလိုက် ကျင်းလိုက်ကြီးဖြစ်လာတော့သည် ။
သူမတို့တွေပဲ မနိုင်တော့သောကြောင့် ၀ရန်တာပေါ် ထိုင်ပြီး စော်ငမ်းနေကြသည့် မော်နီတာတို့အဖွဲ့အား ကူခိုင်းရန် ဆုလာဘ်မက လျှာရှည်၏။
လာလုပ်ပေးပါသည် သူတို့လေးယောက်အပြင် Bခန်းက သူတို့သူငယ်ချင်းတွေကိုပါ ခေါ်ပြီး နှင်းဆီတွေထည့်ထားသည့် ရေဗုံးတွေကို အတန်းပိုင်စိတ်တိုင်းကြ ဟိုနေရာရွေ့ပေးလိုက် ဒီနေရာရွေ့ပေးလိုက်ဖြင့် အလုပ်တွေရူပ်နေကြတော့သည်။